တစ်ဦးချင်းအရည်အသွေးအပေါ် အခြေခံတည်ဆောက်ခြင်းဖြင့် …..

Type

မျိုးငြိမ်းငယ်

=====

ကောင်းမွန်သော     လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရာတွင် ယင်းပတ်ဝန်းကျင်၌ ပါဝင် နေသည့်       တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ စိတ်သဘောထား၊   အသိအမြင်၊    စိတ်ဝင်စားမှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ တန်ဖိုး၊ လေ့လာသင်ယူမှု တို့ကဲ့သို့သော      ကိုယ်ရည်ကိုယ်သွေးများအပေါ် တည်မီနေပါသည်။ 
တိုးတက်ကောင်းမွန်သော   လူ့အဖွဲ့အစည်း တစ်ရပ် ထူထောင်ရန်ဆိုပါက  ပါဝင်နေသူတစ်ဦး တစ်ယောက်ချင်းစီ၏  ကိုယ်ရည်ကိုယ်သွေး  ပြုစု ပျိုးထောင်ရေး၊      မြှင့်တင်ရေးနှင့် အသုံးချရေးမှာ အခြေခံလိုအပ်ချက်ဟု ဆိုရပါမည်။


ငယ်စဉ်ကဆိုခဲ့ရသည့်    ကျောင်းကောင်စီ သီချင်းမှ “မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိ ကျောင်းကို  ကောင်းအောင်ကြိုးစားမည်၊    မိမိ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်” ဆိုသည့်  အဓိဋ္ဌာန် (၄) ချက်တွင် ပါဝင်သည့်အတိုင်း  မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရေးမှာ ပဓာန လိုအပ်ချက်ဖြစ်သည်ကို တွေ့ရပါသည်။ မိမိကဲ့သို့ ပါဝင်နေသူ    တစ်ဦးတစ်ယောက်ချင်းကောင်းမှ အတန်းဆိုသည့်အစုအဖွဲ့၊     ကျောင်းဆိုသည့် အစုအဖွဲ့၊ တိုင်းပြည်ဆိုသောအဖွဲ့အစည်း ကောင်းမွန် လာမည်ဖြစ်ပါသည်။     သို့အတွက်  မိမိတို့တစ်ဦး တစ်ယောက်ချင်းစီ၏ အရည်အသွေးများ မြှင့်တင် နေခြင်းသည် လူ့အဖွဲ့အစည်းတစ်ခု သို့မဟုတ် နိုင်ငံ တစ်နိုင်ငံအတွက်   တည်ဆောက်နေခြင်းဟုဆိုရပါ မည်။


တစ်ဦးချင်းစီ၏ အရေးပါမှု


လူ့အဖွဲ့အစည်းတစ်ရပ်လုံး   ကောင်းမွန်လာ စေရေးတွင် မိမိတို့တစ်ဦးချင်းစီ၏အခန်းကဏ္ဍမှာ များစွာအရေးပါလျက်ရှိပါသည်။    လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းရှိ တစ်ဦးချင်းစီ၏ အတွေးအမြင်များ၊ ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများနှင့် အပြုအမူများ သည် လူ့အဖွဲ့အစည်း၏အရည်အသွေးများအပေါ် အကျိုးသက်ရောက်လျက်ရှိကြပါသည်။   လူ့အဖွဲ့ အစည်းများဆိုသည်မှာလည်း   တစ်ဦးချင်းစီ၏ ကွဲပြားခြားနားသော    စရိုက်လက္ခဏာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ရာ ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရန်မှာ များစွာ ရှုပ်ထွေးလှပါသည်။ 


သို့သော်   လူ့အဖွဲ့အစည်းအတွင်း     ကွဲပြား ခြားနားသော        စရိုက်လက္ခဏာများရှိစေကာမူ လူ့အဖွဲ့အစည်း၏ ရည်မှန်းချက်များ၊ မိမိတို့တစ်ဦး ချင်းစီ၏ လိုလားချက်များ ပြည့်ဝအောင်မြင်စေရန် တစ်ဦးချင်းစီ၏  အရည်အသွေးအလိုက်   ဟန်ချက် ညီညီ လုပ်ဆောင်ကြခြင်းဖြင့်  မိမိအကျိုး၊  အများ အကျိုးဖော်ဆောင်ကြပါသည်။     ကွဲပြားခြားနား သော စရိုက်လက္ခဏာများနည်းတူ     မိမိတို့ပါဝင် သော လူ့အဖွဲ့အစည်းမှာ  ကြီးသည်လည်းရှိနိုင်ပါ သည်။ ငယ်သည်လည်းရှိနိုင်ပါသည်။ အဖွဲ့အစည်း အရွယ်အစားကြီးခြင်း၊    သေးခြင်းသဘောထက် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး များ တိုးတက်ကောင်းမွန်နေမှသာ  အဖွဲ့အစည်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ တိုးတက်လာ မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ တစ်ဦးချင်း၊ တစ်ယောက်ချင်းဖြင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းများသည်  ပါဝင် နေသူ တစ်ဦးချင်းစီတိုင်း၏ အရေးပါမှု၊ အရည်အသွေး၊ စွမ်ဆောင်ရည်တို့အပေါ် အခြေခံလာကြပါသည်။


ကောင်းမွန်သောနိုင်ငံသား 


နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် နိုင်ငံ၏အစိတ်အပိုင်းများဖြစ်ကြသည့်အလျောက် နိုင်ငံနှင့်နိုင်ငံသားတို့ဆိုသည်က    တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေကြပါသည်။  သို့ဖြစ်ရာ နိုင်ငံဆိုသည့် အဖွဲ့အစည်းကြီးတိုးတက်ကောင်းမွန် ရေးမှာ ယင်းနိုင်ငံ၏ နိုင်ငံသားများအပေါ် တည်မှီ လာပါသည်။ သို့သော် ကောင်းမွန်သောနိုင်ငံသား၊ ကောင်းမွန်သောနိုင်ငံများဆိုသည်ကလည်း အလို အလျောက်ဖြစ်တည်လာကြသည်မဟုတ်ပါ။ 


ယင်းနှင့်ပတ်သက်၍       ကောင်းမွန်သည့် နိုင်ငံသားတစ်ယောက်ဖြစ်ရန်နှင့် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်ရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က “မည်သူမှ ကောင်းမွန်တဲ့ နိုင်ငံသားအဖြစ်   မွေးဖွားလာခြင်းမဟုတ်သလို မည်သည့်နိုင်ငံမှလည်း   ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ဖြစ်တည်လာခြင်း မဟုတ်ပါဘူး။ အဲဒီနှစ်ခုစလုံးဟာ ဘဝတစ်သက်တာတစ်လျှောက်လုံး စဉ်ဆက်မပြတ် လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်” ဟုဆိုခဲ့ခြင်းသည်   နိုင်ငံသားကောင်းတစ်ယောက် ဖြစ်ရန်နှင့်      ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ရန် စဉ်ဆက်မပြတ်        တည်ဆောက်ကြရကြောင်း နားလည်မိပါသည်။


အလားတူ အမေရိကန်သမ္မတ ရုစဘဲ့က “မိမိ တို့ နိုင်ငံမှာရှိတဲ့  နိုင်ငံ့သားကောင်းတစ်ဦးအတွက် ပထမဦးဆုံးလိုအပ်ချက်ကတော့    မိမိရဲ့အရေးပါ လေးနက်မှုကို မြှင့်တင်နိုင်စွမ်းနှင့် မြှင့်တင်လိုစိတ် ရှိရပါမယ်။     နိုင်ငံ့သားကောင်းတစ်ယောက်ဟာ ခရီးသွားသက်သက်မဟုတ်ပါဘူး။  မိမိတို့ မျိုးဆက် တိုင်းက  လက်ဆင့်ကမ်းနိုင်တဲ့အလုပ်မှာ   ပါဝင် ဆောင်ရွက်ရမှာဖြစ်သလို       မိမိရဲ့အလုပ်တွေ လုပ်ဆောင်ရာမှာ ကိုယ့်ကိုအထောက်အကူဖြစ်စေ မယ့်   လေ့လာနိုင်စွမ်းသာမက    အခြားသူများ၏ အခွင့်အရေးအပေါ် လေးစားမှုရှိကြောင်း  ပြသရ မယ်” ဟု ဆိုပါသည်။ 
ကောင်းမွန်သော     နိုင်ငံသားတစ်ယောက် အတွက် မိမိအကျိုးနှင့် အများအကျိုး နှစ်ဖက်ကြည့် ရှုထောင့်ဟု မြင်မိပါသည်။


ဒီမိုကရေစီအလေ့အကျင့်များ


မိမိအကျိုး၊ အများအကျိုး၊  နိုင်ငံ့အကျိုးဖော် ဆောင်ရန်ဆိုပါလျှင်  ဒီမိုကရေစီအလေ့အကျင့်များ နှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံ ဒေါက်တိုင်တစ်ခုဖြစ်ပါသည်။ သို့သော် ခိုင်မာသော ဒီမိုကရေစီစနစ်အဖြစ် တည်ဆောက်ရန်မှာ နေ့ချင်း ညချင်းတည်ဆောက်၍မရနိုင်ချေ။    ဒီမိုကရေစီ အယူအဆများ၊     အလေ့အကျင့်များမှတစ်ဆင့် တဖြည်းဖြည်းဖြင့်     ဒီမိုကရေစီယဉ်ကျေးမှုများ ကို    တည်ဆောက်ကြရပါသည်။    ဒီမိုကရေစီ အလေ့အကျင့်များကို ငယ်ရွယ်စဉ်ကပင်   စာသင် ကျောင်းများတွင် သင်ကြားလေ့ကျင့်ပေးကြသကဲ့သို့ လူမှုအသိုက်အဝန်းအတွင်း    ပူးပေါင်းလုပ်ဆောင် ခြင်းဖြင့်လည်း ပြုစုပျိုးထောင်နိုင်ပါသည်။   နိုင်ငံ့ သားကောင်းတစ်ယောက်ဖြစ်ရန်     ဒီမိုကရေစီ အလေ့အကျင့်များ ပြုစုပျိုးထောင်သည်ဆိုရာတွင် လူမှုအသိုက်အဝန်းအတွင်း လိုက်လျောညီထွေစွာ တည်ဆောက်ရေးမှာ သတိပြုဖွယ်ဖြစ်ပါသည်။ 


အစိုးရအဖွဲ့အစည်းများ၊    လူမှုအဖွဲ့အစည်း များနှင့်  ပြည်သူတစ်ဦးချင်းအလိုက်  ဒီမိုကရေစီ အလေ့အကျင့်၊ အလေ့အထနှင့် ဓလေ့များ သက်ဆိုင် ရာ    လူ့အဖွဲ့အစည်း၏    အခြေအနေနှင့်အညီ ရှင်သန်ပေါက်ဖွားလာရန်   ပြုစုပျိုးထောင်ခြင်းဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင် မည်ဖြစ်ပါသည်။ 
ဒီမိုကရေစီအလေ့အကျင့်နှင့်ဓလေ့များ ရှင်သန် ရန်ဆိုသည်မှာ      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်ပြောဆိုခဲ့သည့်  “ဒီမိုကရေစီစနစ် အောင်မြင်ရန်   ပြည်သူပြည်သားတို့သည်    အသိ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။    အသိဉာဏ်ကင်းမဲ့သော  နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေ လိမ့်မည်”    ဆိုသည့်စကားသည်    ဒီမိုကရေစီ တည်ဆောက်ရန် နိုင်ငံသားတစ်ဦးချင်း တစ်ယောက် ချင်း ကျင့်ကြံရာတွင် သတိပြုဖွယ်ဖြစ်ပါသည်။
လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီယဉ်ကျေးမှု


ဒီမိုကရေစီသည် အဖွဲ့အစည်းဆိုင်ရာ ဒီမိုကရေစီ ယဉ်ကျေးမှုများထက်ပိုပါသည်။       ခိုင်မာသော ဒီမိုကရေစီသည်   ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာတည်မှီ နေပါသည်။         ထိုယဉ်ကျေးမှုများဆိုသည်မှာ အနုပညာ၊ စာပေ သို့မဟုတ်  ဂီတတို့ကို   မဆိုလို၊ ယင်းလူ့အဖွဲ့အစည်းအတွင်းမှ လူတစ်ဦးချင်းစီတိုင်း က မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်သည့် အမူအကျင့် များ၊ လုပ်ဆောင်ချက်များနှင့် စံနှုန်းများကို ဆိုခြင်း ဖြစ်ကြောင်း အမေရိကန်သမိုင်းပညာရှင် Diane Ravitch က ဆိုခဲ့ပါသည်။    


ဒီမိုကရေစီယဉ်ကျေးမှုသည်   လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီက မိမိတို့အပေါ် အကျိုးသက်ရောက်နေသည့် ပြည်သူ့ရေးရာကိစ္စများ နှင့်ပတ်သက်၍   စုပေါင်း၍ဖြစ်စေ၊   တစ်ဦးချင်း ဖြစ်စေ   တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒနှင့်  လုပ်ကိုင်နိုင်စွမ်းဟုဆိုပါသည်။   လူ့အဖွဲ့ အစည်းအတွင်း     ဒီမိုကရေစီယဉ်ကျေးမှု    ခိုင်မာ အားကောင်းခြင်းဖြင့် အများကောင်းကျိုးဖော်ဆောင် ခြင်း၊ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းနှင့် စုပေါင်းဆုံးဖြတ်ခြင်းကဲ့သို့သော ဒီမိုကရေစီ ဓလေ့များ ဖွံ့ဖြိုးတိုးတက်စေပါသည်။ 
ဒီမိုကရေစီယဉ်ကျေးမှုသည်  တစ်ဦးချင်း၏ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုနှင့်  လုပ်ဆောင်မှု ပုံစံများအပေါ်တွင်  အခြေပြုသော်လည်း   အများ ကောင်းကျိုးဖော်ဆောင်ရန်နှင့်   ယင်းကောင်းကျိုး များ ရေရှည်တည်တံ့နိုင်ရန်အတွက် လူ့အဖွဲ့အစည်း အတွင်းမှ တစ်ဦးချင်းစီ၏ အတူပူးပေါင်းလုပ်ဆောင် မှုနှင့်          ပူးတွဲတာဝန်ယူမှုပုံစံများကဲ့သို့သော အပြန်အလှန်အကျိုးပြုမှုများ  ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ သို့မှသာ ဒီမိုကရေစီ ယဉ်ကျေးမှုများ တိုးတက်လာခြင်းနှင့်အတူ ဒီမိုကရေစီစနစ် ခိုင်မာ အောင် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။    
မိမိကိုယ်ကို 
အခြေခံတည်ဆောက်
ကောင်းမွန်တိုးတက်သော  နိုင်ငံတည်ဆောက် ကြရာတွင်       မိမိကိုယ်ကိုကောင်းမွန်အောင် တည်ဆောက်ခြင်းသည်လည်း   အခြေခံလိုအပ်ချက် တစ်ခုဖြစ်ပါသည်။ “ဒီမိုကရေစီနိုင်ငံသားများအနေဖြင့် မိမိတို့သည် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံသူများ ဖြစ်ကြသကဲ့သို့    ဥပဒေပြုသူများနှင့်    ဥပဒေကို လိုက်နာရသူများဖြစ်ကြပြီး    အစမှအဆုံးတိုင် သက်ဆိုင်သူများဖြစ်ကြသည်” ဟု   အီလီနွိက်စ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အမေရိကန်သံအမတ် ဟောင်းဖြစ်သူ Adlai Stevenson က ဆိုပါသည်။ ဒီမိုကရေစီနိုင်ငံသားတိုင်း၏ အရေးပါမှုနှင့် အခန်း ကဏ္ဍကို ညွှန်ပြသည့်စကားဟု မြင်မိပါသည်။


သို့ဖြစ်ရာ နိုင်ငံသားတစ်ဦးချင်းစီက လူ့အဖွဲ့ အစည်းအတွင်း ဟန်ချက်ညီစွာ တည်ဆောက်ခြင်း ဖြင့် နိုင်ငံတည်ဆောက်ရာရောက်ပါသည်။ လူ့အဖွဲ့ အစည်းများတွင်       မတူညီသောတစ်ဦးချင်းဖြင့် ပေါင်းစည်းထားခြင်းဖြစ်ရာ အရည်အသွေးပြည့်ဝမှု ဆိုင်ရာ       ကွဲပြားခြားနားမှုများရှိနေနိုင်ပါသည်။ ထိုမတူညီကွဲပြားမှုအမျိုးမျိုးအလိုက် တစ်ဦးချင်း စီအလိုက်  ကိုယ်ရည်ကိုယ်သွေးများမြှင့်တင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ဒီမိုကရေစီအလေ့အကျင့်များ လိုက်နာကျင့်ကြံခြင်းဖြင့်   သားရွှေအိုးထမ်းလာ သည်ကိုမြင်ရသည့်   နိုင်ငံဖြစ်လာနိုင်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။          ။