တွစ်တာက ဆီယက်တယ်ရှိ ရုံးကို ပိတ်မည်

 

ဆန်ဖရန်စစ္စကို ဒီဇင်ဘာ ၃၀
တွစ်တာသည် ၎င်း၏ဆီယက်တယ်မြို့လယ်ရုံးကို ပိတ်ပစ်မည်ဖြစ် ကြောင်း ဒီဇင်ဘာ ၂၉ ရက် အစီရင်ခံစာများအရ သိရသည်။
တွစ်တာ၏ ကျန်ရှိသည့် ဆီယက်တယ်ဝန်ထမ်းများကို  နေအိမ်မှ အလုပ်လုပ်ကိုင်ရန်  ညွှန်ကြားခဲ့ကြောင်း နည်းပညာသတင်း ထုတ်ဝေ မှု   ပလက်ဖောင်းတွင် ဒီဇင်ဘာ ၂၉ ရက်   ညနေပိုင်းက    ဖော်ပြ သည်။ တွစ်တာ၏ ဆီယက်တယ်ရုံးရှိ သန့်ရှင်းရေးနှင့် လုံခြုံရေး ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ သိရသည်။ ယင်းမှာ ၂၀၁၄ ခုနှစ် မြို့လယ်ဆန်ကျူရီစကွဲ မျှော်စင်တွင်   ဖွင့်လှစ်ခဲ့သည့်  အချိန်မှစကာ  ဆီယက်တယ်ရုံးနှင့် ပတ်သက်၍ နောက်ဆုံးအဆိုးမြင်သတင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း    တက်စလာတည်ထောင်သူ၊   စီအီးအို အီလွန်မက်စ်သည် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံတန် တွစ်တာကို ဝယ်ယူပြီးနောက် ဆီယက်တယ်ရုံးရှိ ဝန်ထမ်း ၂၀၈ ဦးကို လျှော့ချခဲ့ သည်။ ရုံးပိတ်ခြင်းသည် တွစ်တာ၏ ကုန်ကျစရိတ်ကို လျှော့ချရန် အီလွန်မက်စ်၏ နောက်ဆုံးခြေလှမ်းဖြစ်ကြောင်း   ဆီယက်တယ် တိုင်းမ်က ထုတ်ပြန်ထားသည်။                                     ဆင်ဟွာ