
ရန်ကုန် မတ် ၃၀
မတ် ၂၃ ရက်မှ ၂၉ ရက်အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် စားအုန်းဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ)ဈေးကျပြီး ဆန်ဈေး တက်လာသည်။
ဆန်
မတ် ၂၉ ရက် ရန်ကုန်ဆန်စျေးကွက်တွင် နွေသီးထပ်ဆန်ကြမ်း တစ်အိတ်ကျပ် ၅၅၀၀၀ ၊ နွေ ရက် ၉၀ ဆန်ကြမ်းတစ်အိတ် ကျပ် ၅၈၀၀၀/ ၆၁၀၀၀၊ မိုး ရက် ၉၀ ဆန်ကြမ်းတစ်အိတ်ကျပ် ၆၅၀၀၀/ ၆၇၀၀၀၊ ပေါ်ကျွဲဆန်သစ်တစ်အိတ်ကျပ် ၆၅၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်း ဆန်သစ်တစ်အိတ်ဈေးနှုန်းများမှာ ဘိုကလေး ကျပ် ၇၁၀၀၀ ၊ ဖျာပုံ ကျပ် ၇၄၀၀၀၊ မြောင်းမြကျပ် ၇၆၀၀၀ ၊ ရွှေဘိုကျပ် ၉၀၀၀၀နှုန်းရှိသည်။
စားအုန်းဆီ
မတ် ၂၈ ရက်မှ ဧပြီ ၂ ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းလက်ကား စျေးမှာ စားအုန်းဆီတစ်ပိဿာလျှင်ကျပ် ၄၄၄၀ ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာ ရည်ညွှန်းလက်ကားဈေးကျပ် ၁၃၀ ကျဆင်းလာသည်။ သင်္ကြန်ပိတ်ရက်ရှည်မတိုင်မီ ပြည်တွင်းသို့ စားအုန်းဆီဝင်ရောက်မှု တန်ချိန်သုံးသောင်းဝန်းကျင်ရှိနိုင်ပြီး ပြည်ပစားအုန်းဆီတစ်တန် စျေး မှာ(ရန်ကုန်ဆိပ်ကမ်းအရောက် CIF စျေး)၁၀၀၈ ဒေါ်လာနှုန်းသာ ရှိသည်။ မတ် ၂၉ ရက် ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီလက်ငင်း အလှယ်ပီပါစျေးမှာ တစ်ပိဿာကျပ် ၆၅၃၀ နှုန်းသာရှိသည်။
ပဲအမျိုးမျိုး
မတ် ၂၉ ရက် ရန်ကုန် ပဲစျေးကွက်တွင် မတ်ပဲ (RC) တစ်တန်ကျပ် ၂၀၆၀၀၀၀ ၊ (SQ/RC) တစ်တန်ကျပ် ၂၃၂၅၀၀၀၊ ပဲစင်းငုံနီ တစ်တန်ကျပ် ၂၃၇၇၅၀၀ ၊ ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ)တစ်ပိဿာကျပ် ၃၇၅၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၆၀၀-၄၈၀၀ နှုန်း ရှိသည်။
ကြက်သွန်နီ
မတ် ၂၈ ရက်နှင့်၂၉ ရက် နှစ်ရက်တွင် ရန်ကုန်သို့ နယ်စုံကြက်သွန်နီ ပိဿာချိန် ၅၇၀၀၀၀ ဝင်ရောက်လာသည်။
အလုံးသေး၊ လတ်ချောသည် ပုံမှန်ဈေးနှုန်းအနည်းဆုံးရှိရာမှ မတ် ၂၉ ရက်တွင် ပုံမှန်ဈေးအမြင့်ဆုံးဖြစ်သော အလုံးကြီးရှယ်ထက် ဈေး မြင့်လာသည်ကို မုံရွာနယ်ကြက်သွန်နီတွင် ကြုံတွေ့ရသည်။
ယင်းနေ့တွင် ဆိပ်ဖြူ(ပင်လေး)လက်ကားတစ်ပိဿာ လတ်ချော ကျပ် ၁၀၀၀၊ ရှယ်ကျပ် ၁၀၅၀၊ မြစ်သားလတ်ချောကျပ် ၁၅၀၀၊ ရှယ်စကျပ် ၁၉၀၀ ၊ မုံရွာလတ်ချောကျပ် ၉၅၀ ၊ ရှယ်ကျပ် ၈၀၀နှုန်းရှိသည်။
ပခုက္ကူနယ်ဈေးကွက်တွင် နယ်စုံမှ ကြက်သွန်နီအဝင် ပိဿာချိန် ၈၀၄၀၀ ရှိသော မတ်၂၉ ရက်က ယောစကြက်သွန်နီ အမြင့်ဆုံး တစ်ပိဿာဈေးကျပ် ၈၅၀ ၊ ပုလဲစ ကျပ် ၈၀၀ နှင့် မုံရွာ ကြက်သွန်နီ ကျပ် ၈၀၀ နှုန်းသာရှိသည်။
ကြက်သွန်ဖြူ
မတ်၂၉ ရက်တွင် ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ဈေးများမှာ ထူး-၂ ကျပ် ၃၀၀၀၊ ထူး-၃ ကျပ် ၃၂၀၀ ၊ ထူး-၄ ကျပ် ၃၄၀၀ ၊ ထူး-၅ ကျပ် ၃၆၀၀ နှုန်း ရှိသည်။ ကြူကုတ်ကြက်သွန်ဖြူမှာ လက်ကားပိဿာကျပ် ၄၂၀၀ နှုန်းရှိသည်။
အာလူး
မတ် ၂၉ ရက် ရန်ကုန်အာလူးဈေးကွက်၌ ရှမ်းအောင်ပန်းအာလူး A1 ကျပ် ၁၃၀၀၊ OK ကျပ် ၁၆၀၀၊ S1 ကျပ် ၁၈၀၀ ၊ S2 ကျပ် ၁၃၀၀ နှုန်းရှိသည်။ ဗန်းမော်အာလူးနှင့် ဘန့်ဘွေးအာလူးလက်ကားတစ်ပိဿာ ကျပ် ၁၈၀၀နှုန်းစီရှိသည်။
ငရုတ်
မတ် ၂၉ ရက် ရန်ကုန်ငရုတ်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ် ငရုတ်ရှည် အသစ်(ပန်းတနော်) လက်ကားတစ်ပိဿာ ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ဝင်ရောက်လာသည်။ ပန်းရဲငရုတ်ရှည် တစ်ပိဿာကျပ် ၁၁၀၀၀၊ မြားနီကျပ် ၁၀၅၀၀ ၊ မိုးထောင်(ပျော်ဘွယ်)ကျပ် ၁၁၅၀၀/၁၂၀၀၀၊ မြစ်ဝ မိုးထောင်ကျပ် ၁၁၀၀၀/ ၁၂၀၀၀ ၊ မြစ်ဝငရုတ်ပွ ကျပ် ၁၃၀၀၀/ ၁၃၅၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွ ကျပ် ၁၂၀၀၀/၁၂၅၀၀၊ ဗီယက်နမ် ငရုတ် ရှည်အတောင့်ကြီးကျပ် ၁၃၅၀၀/၁၄၀၀၀ နှုန်း ရှိသည်။
အောင်ခင်နိုင်