တစ်ပတ်အတွင်းအခြေခံစားကုန်ဈေးနှုန်းများ

 

ဆန်


ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀၊ ပေါ်ကျွဲ ၄၉၀၀၀၊ ဧည့်မထဆန် ၃၀၅၀၀ နှင့် ငစိန်ဆန်  ၂၉၅၀၀  နှုန်းဝန်းကျင်  အရောင်းအဝယ်သတ်မှတ် ကြသည်ကို မြင်တွေ့ရသည်။    ပြီးခဲ့သည့်တစ်ပတ်အတွင်း   ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး   ကုန်စည်ဒိုင်များသို့   နယ်စုံမှ ဆန်အိတ် ၂၀၃၀၉၂ အိတ် ကုန်စည်ဒိုင်များသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 


ပဲမျိုးစုံ၊ ပြောင်း


ပဲမျိုးစုံဈေးကွက်အတွင်း    ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း   ဘုရင့်နောင်ကုန်စည်ဒိုင်  ပွဲရုံများမှ  သိရသည်။   ပဲမျိုးစုံ တို့တွင်  မတ်ပဲမှာ ကျပ် ၁၄၆၄၅၀၀ ၊ ပဲတီရွှေဝါ ကျပ် ၁၆၁၃၆၀၀၊  ပဲလွန်းဖြူမှာ ကျပ် ၁၁၄၅၂၀၀၊ ပဲလွန်းနီမှာ  ကျပ် ၁၃၇၇၉၀၀၊ ပဲပုပ် ကျပ် ၁၄၈၄၁၀၀၊   ကုလားပဲဖြူလုံးကြီး  ကျပ် ၁၄၈၂၀၀၀၊ ပဲကြီး ၂၃၃၃၂၉၉ ကျပ် ဈေးနှုန်းသတ်မှတ်ရောင်းချသည်ကို မြင်တွေ့ရသည်။ တစ်ပတ်အတွင်း မတ်ပဲတွင် ကျပ် ၁၅၀၀၊ ပဲတီရွှေဝါတွင် ကျပ် ၇၀၅၀၀၊  ပဲလွန်းဖြူတွင် ကျပ် ၃၀၆၀၀၊ ပဲပုပ်တွင် ကျပ် ၁၀၄၁၀၀၊ ပဲကြီးတွင် ကျပ် ၂၆၉၅၀၀ ဈေးမြင့်ခဲ့ပြီး ပဲလွန်းနီ၊ ကုလားပဲဖြူလုံးကြီး တို့မှာ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရသည်။ ပြောင်းဆန် တစ်တန်လျှင်  ငွေကျပ်  ၆၃၆၉၀၀  ဖြင့် ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း ကုန်စည်ဒိုင်သတင်းများအရ သိရသည်။

 


ကြက်သွန်


ကြက်သွန်နီ    တစ်ပိဿာလျှင်   ၇၇၅  ကျပ်၊  ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် ၃၄၀၀အထိ ဈေးနှုန်းရှိခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်း အနည်းငယ်ကျဆင်းလျက် ရှိသည်ကို မြင်တွေ့ရသည်။

 


စားသုံးဆီ


စားသုံးဆီဈေးနှုန်းများ   အနည်းငယ်မြင့်တက်လာခဲ့ပြီး   မြေပဲဆီ တစ်ပိဿာ ကျပ် ၉၅၀၀၊ နှမ်းဆီ ကျပ် ၉၅၀၀နှင့် စားအုန်းဆီ ကျပ် ၆၃၀၀ နှုန်းဖြစ်ခဲ့ပြီး  စားအုန်းဆီမှာ ဈေးမြင့်ပိုင်းတွင်  အပြောင်းအလဲ မရှိ ရပ်တန့်နေသည်ကို မြင်တွေ့ရသည်။