တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးနှုန်းများ

 

ရန်ကုန်   ဩဂုတ်   ၄


ယခုသီတင်းပတ်အတွင်း  ဘုရင့်နောင်ကုန်စည် ဈေးကွက်၌ ဆန်၊ အာလူး၊ ငရုတ်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာခဲ့သည်။ ပဲစင်းငုံနီမှာ တစ်ပတ်အတွင်း ကျပ် ၈၀၀၀၀ မြင့်တက်လာ ပြီး ကြက်သွန်နီ အဝင်များ၍ ဈေးကျလာသည် ကို မြင်တွေ့ရသည်။

 


ဆန်


ဆန်ဈေးနှုန်းများ  အတက်ကြမ်းလာခဲ့ပြီး ဩဂုတ် ၄ ရက် ပေါ်ဆန်းလက်ကားဈေးများမှာ ရွှေဘို ကျပ် ၇၃၀၀၀-၈၀၀၀၀-၈၇၀၀၀၊ ပုသိမ်-  မြောင်းမြ ကျပ် ၅၈၀၀၀-၆၁၀၀၀ ရှိပြီး ရက်  ၉၀ ဆန်ကြမ်းရှယ် ကျပ် ၃၈၅၀၀-၄၀၀၀၀ နှုန်း ရှိလာခဲ့သည်။ သို့ဖြစ်ရာ ဆန်စပါးအသင်းက ဝါးတန်းကုန်စည်ဒိုင်၌ ဩဂုတ် ၃ ရက်မှ စတင်၍   စားသုံးသူများကို   သက်သာသော ဈေးနှုန်းဖြင့်    တစ်အိမ်ထောင်လျှင်    ဆန် တစ်အိတ်နှုန်း    ရောင်းချပေးလျက်ရှိသည်။ ဈေးနှုန်းများမှာ   ရွှေဘိုပေါ်ဆန်းတစ်အိတ်   ကျပ်   ၇၅၀၀၀- ၇၇၀၀၀၊ ဧရာဝတီပေါ်ဆန်း ကျပ် ၅၂၀၀၀-၅၅၀၀၀၊ ကြားပျံ ကျပ် ၅၅၀၀၀-၆၀၀၀၀ နှင့် ရက် ၉၀ ဆန်ကြမ်းမှာ တစ်အိတ် ဈေးနှုန်း ကျပ် ၃၅၀၀၀-၃၇၀၀၀  ဖြစ်သည်။ 

 


ဆီ


ရန်ကုန်အထိုင် ရည်ညွှန်းလက်ကားဈေး စားအုန်းဆီတစ်ပိဿာ ကျပ် ၃၅၂၅ နှုန်းဖြင့် ဩဂုတ် ၁ ရက်မှ ၇ ရက်အတွင်း ရောင်းချပေး နေကြောင်း   သိရသည်။   ရန်ကုန်   ပြင်ပဆီ ဈေးကွက်တွင်မူ လက်ကားအလှယ်/လက်ငင်း ဆီ ပီပါဈေး တစ်ပိဿာ ကျပ် ၈၅၀၀ ဝန်းကျင် ရှိနေဆဲဖြစ်သည်ကို    မြင်တွေ့ရသည်။   ၁၈ လီတာဝင် ပုံးဝါဆီနှင့်   သံပုံးဆီများမှာမူ   ဆီ အသားတင်ပိဿာ  အချိန်  ၁၀ လျှင် ငွေကျပ် ၈၆၀၀၀ ရှိကြောင်း သိရသည်။

 


မတ်ပဲနှင့် ပဲစင်းငုံ


ဇူလိုင် ၂၈ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁၆၄၅၀၀၀ နှုန်း၊ ပဲစင်းငုံနီ RC တစ်တန် ကျပ် ၁၄၈၅၀၀၀  နှုန်းရှိရာမှ ဩဂုတ် ၃ ရက် တွင် မတ်ပဲ RC တစ်တန် ကျပ် ၁၆၄၀၀၀၀၊ ပဲစင်းငုံနီ RC တစ်တန် ကျပ်  ၁၅၆၇၅၀၀  နှုန်း ရှိလာသည်။    ပဲစင်းငုံနီမှာ   တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်ရှစ်သောင်းအထိ ဈေးမြင့် တက်လာခဲ့ခြင်းဖြစ်သည်။

 


ကြက်သွန်နီ/ဖြူ


ယခုသီတင်းပတ်အတွင်း    ကြက်သွန်နီ အဝင်များကာ  ဈေးနှုန်းကျလာသည်။ ဩဂုတ် ၃ ရက်တွင် ဆိပ်ဖြူ ကျပ် ၁၃၅၀-၁၆၅၀-၁၈၅၀- ၁၉၅၀၊ မုံရွာ ကျပ် ၁၄၀၀-၁၈၀၀-၁၉၀၀-၂၀၀၀ နှုန်းသာ   ရှိတော့ကြောင်း  ကုန်သည်များထံမှ သိရသည်။   ယခုအပတ်အတွင်း     ရန်ကုန် ဈေးကွက်သို့ ကြက်သွန်နီ   နေ့စဉ်အဝင်ပျမ်းမျှ    ပိဿာ ကျပ် ၁၆၀၀၀၀ ရှိနေသည်ဟု သိရသည်။ ရှမ်းအောင်ပန်း      ကြက်သွန်ဖြူလက်ကား   တစ်ပိဿာဈေးမှာ ဩဂုတ် ၃  ရက်တွင် ကျပ် ၂၀၀၀-၂၆၀၀-၃၁၅၀-၃၆၀၀ နှင့်     ကြူကုတ် တစ်ပိဿာ ကျပ် ၃၂၀၀ နှုန်းရှိသည်။

 


အာလူး


အလုံးကြီး    အရွယ်အစားအာလူးများနှင့် တရုတ်အာလူးများ     ဈေးတက်လာသည်။ ဩဂုတ် ၃ ရက်က  ရှမ်းအောင်ပန်း အာလူး ကျပ် ၁၀၀၀-၁၃၀၀-၁၆၀၀-၁၇၅၀-၁၈၅၀၊ တရုတ် ကျပ် ၁၉၀၀  နှုန်းရှိလာသည်။

 
အောင်ခင်နိုင်