တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

၂၀၂၃ ခုနှစ်  ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း ငရုတ်၊  ကြက်သွန်ဖြူနှင့် အာလူးများ ဈေးတက်လာပြီး  စားအုန်းဆီမှာလည်း ဈေးနှုန်းအတက်ကြမ်းပြီးမှ ပြန်ကျ လာသည်။

 


ဆန်


ဆန်သစ်များ   ဈေးတက်လာသည်။   ဇန်နဝါရီ ၁၀ ရက်က သုခဆန်ကြမ်းအသစ်တစ်အိတ် ကျပ် ၄၄၀၀၀- ၄၅၀၀၀၊   ရက် ၉၀ ဆန်ကြမ်းအသစ် တစ်အိတ် ကျပ် ၄၉၀၀၀၊    ပေါ်ကျွဲအသစ်တစ်အိတ်   ကျပ် ၅၆၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်အသစ် တစ်အိတ်ဈေးနှုန်းမှာ  ရွှေဘို ကျပ် ၆၅၀၀၀-၇၂၀၀၀၊ ပုသိမ်/မြောင်းမြ ကျပ်၆၅၀၀၀-၆၇၀၀၀၊ ဖျာပုံ ကျပ် ၆၃၀၀၀-၆၅၀၀၀ နှုန်း ရှိသည်။ ပေါ်ဆန်းဆန်ဟောင်း တစ်အိတ်ဈေးနှုန်းမှာ ရွှေဘို ကျပ် ၉၃၀၀၀-၉၉၀၀၀၊ ပုသိမ်/ မြောင်းမြ   ကျပ်  ၇၀၀၀၀-၇၂၀၀၀၊  ဖျာပုံ ကျပ် ၆၅၀၀၀-၇၀၀၀၀ နှုန်းရှိသည်။

 


 စားအုန်းဆီ


ဇန်နဝါရီ  ၉  ရက်မှ  ၁၅  ရက်အထိ အခြေခံ လက်ကား ရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာ ကျပ် ၄၅၃၀ ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာ ကျပ်  ၇၀   ဈေးတက်လာသည်။  သို့သော် ပြင်ပ ဈေးကွက်စာရွက်ဈေးမှာ   ဇန်နဝါရီ   ၉   ရက်တွင် တစ်ပိဿာ  ကျပ် ၆၁၀၀ နှုန်းရှိသည်။ တစ်ပတ်အတွင်း ပြင်ပဈေး    တစ်ပိဿာလျှင်  ကျပ်တစ်ထောင်ခန့် ဈေးမြင့်တက်လာပြီး  ဇန်နဝါရီ ၁၁ ရက်တွင်မူ ပြင်ပ ဈေးတစ်ပိဿာလျှင် ကျပ် ၅၆၀၀ နှုန်းသို့ ပြန်လည် ကျဆင်းလာကာ    ဈေးကွက်တွင်    ဝယ်လိုအား နည်းနေသည်။ 

 


ပဲအမျိုးမျိုး


ဇန်နဝါရီ   ၁၀   ရက်တွင်  မတ်ပဲ (FAQ/RC) တစ်တန်  ကျပ်   ၁၆၆၀၀၀၀၊  (SQ/RC)  တစ်တန် ကျပ် ၁၇၅၀၀၀၀၊   ပဲစင်းငုံနီ  (Rd/RC) တစ်တန် ကျပ် ၁၇၈၀၀၀၀၊  ပဲတီစိမ်းခရမ်း ရွှေဝါ(ထိပ်စ)တစ်ပိဿာ ကျပ်၂၈၀၀-၂၉၂၀၊    ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၂၅၀-၄၄၀၀ နှုန်း  ရှိနေသည်။

 


ကြက်သွန်နီ


ဇန်နဝါရီ ၁၁ ရက်တွင်   နယ်စုံမှ  ဘုရင့်နောင် ဈေးကွက်သို့     ကြက်သွန်နီပိဿာချိန်   ၂၄၀၀၀၀  ဝင်ရောက်ပြီး   မြင်းခြံကြက်သွန်နီ    လက်ကား တစ်ပိဿာ   ကျပ် ၁၉၀၀- ၂၄၀၀- ၂၄၀၀- ၂၃၀၀၊ မြစ်သား ကျပ် ၂၃၅၀-၂၅၅၀-၂၅၅၀-၂၅၀၀ နှုန်းရှိ သည်။  ပခုက္ကူဈေးကွက်သို့ ဇန်နဝါရီ ၁၁ ရက်တွင်  ကြက်သွန်နီပိဿာချိန်    ၆၀၀၀၀  ဝင်ရောက်ပြီး တစ်ပိဿာအမြင့်ဆုံးဈေး ကျပ် ၂၀၅၀  နှုန်းရှိသည်။ မန္တလေးဈေးကွက်တွင်        မြစ်သားကြက်သွန်နီ တစ်ပိဿာအမြင့်ဆုံးဈေး   ကျပ်   ၂၁၀၀  ရှိသည်။  မြင်းခြံဈေးကွက်တွင်        ကြက်သွန်နီပိဿာချိန် ၁၁၈၀၀၀   ဝင်ရောက်ပြီး  အမြင့်ဆုံးဈေးမှာ ကျပ် ၂၁၀၀ နှုန်း    ရှိနေသည်။  ရန်ကုန်ဈေးကွက်တွင် မြစ်သားကြက်သွန်နီထက်  မြင်းခြံအကြမ်းစများ ကိုသာ ဝယ်လိုအားများနေသည်။

 


ကြက်သွန်ဖြူ/အာလူး/ငရုတ်


ဇန်နဝါရီ ၁၁ ရက်တွင်ရှမ်းအောင်ပန်းကြက်သွန် ဖြူလက်ကား တစ်ပိဿာ  ကျပ် ၄၇၀၀-၅၃၀၀-၅၇၀၀-၆၀၀၀  နှုန်း၊   ကြူကုတ်ကြက်သွန်ဖြူ   ကျပ် ၃၈၅၀ နှုန်းသို့    ဈေးနှုန်းများ     မြင့်တက်လာသည်။  ရှမ်းကြက်သွန်ဖြူ        အသစ်ပေါ်ခါနီးအချိန်တွင် လက်ကျန်အဟောင်းများနည်းလာ၍   ရက်ပိုင်း အတွင်း တစ်ပိဿာ   ကျပ်နှစ်ထောင်   ဈေးတက် လာသည်။

 


အာလူးအဝင်နည်းသည့်အတွက်        အာလူး ဈေးနှုန်းများ မြင့်တက်လာရာ ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းအောင်ပန်းအာလူး လက်ကားတစ်ပိဿာ ကျပ် ၁၈၀၀-၁၉၅၀-၁၉၅၀-၂၁၀၀ နှုန်း၊  တရုတ်အာလူး အဟောင်း  တစ်ပိဿာ ကျပ် ၂၄၀၀  နှင့်  တရုတ် အာလူးအသစ် ကျပ် ၂၁၀၀ နှုန်းသို့ ဈေးမြင့်တက် လာသည်။

 


ငရုတ်မျိုးစုံ ဈေးနှုန်းပြန်လည်မြင့်တက်လာပြီး  ဇန်နဝါရီ ၁၁ ရက်တွင် ပန်းရဲငရုတ်ရှည် အသစ် တစ်ပိဿာ ကျပ် ၁၇၀၀၀၊ နယ်စုံမိုးထောင် ငရုတ် တစ်ပိဿာ ကျပ် ၁၄၀၀၀၊  ဆင်ဖြူကျွန်းငရုတ်ပွအသစ် ကျပ် ၁၇၀၀၀ နှင့်  တရုတ်စကငရုတ်ပွ ကျပ် ၁၇၀၀၀ နှုန်းရှိသည်။          

                     

အောင်ခင်နိုင်