
ဆန်
ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်မှာလည်း ပုံမှန်သာရှိခဲ့သည်။ ဆန် စပါးကုန်စည်ဒိုင် (ဝါးတန်း) ၏ ဆန်ဈေးနှုန်းများအရ ပြီးခဲ့သည့် တစ်ပတ်တာအတွင်း ပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၈၅၀၀၊ ဧည့်မထဆန် တစ်အိတ် ကျပ် ၃၀၅၀၀ နှင့် ငစိန်ဆန် တစ်အိတ် ကျပ် ၂၈၅၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ကုန်စည်ဒိုင်များသို့ နယ်စုံမှ ဆန်အိတ် ၂၀၈၅၄၅ အိတ်ခန့် ဝင်ရောက်လာခဲ့သည်။
ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံများ
ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၇၇၀ မှ ၈၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၃၄၀၀၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာ ကျပ် ၃၃၀၀၊ ငရုတ်ရှည် တစ်ပိဿာ ကျပ် ၅၇၀၀၊ ငရုတ်ပွ တစ်ပိဿာ ကျပ် ၉၅၀၀ တို့ဖြင့် အရောင်းအဝယ် ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီ ဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့ပြီး ကျပ် ၅၀ ဈေးမြင့်ခဲ့သည်။ ကြက်သွန်ဖြူမှာ ကျပ် ၂၀၀၊ ငရုတ် ရှည် ကျပ် ၂၀၀ စသည်ဖြင့် ဈေးနှုန်းကျဆင်းခဲ့သည်။ ကျန်သီးနှံများမှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။
ပဲနှင့် ပြောင်း
ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲဈေးတစ်တန်လျှင် ကျပ် ၁၅၀၀၀ ကျဆင်းခဲ့ပြီး ပဲစင်းငုံနီမှာ တစ်တန် လျှင် ကျပ် ၁၇၅၀၀ ဈေး ကျဆင်းခဲ့သည်။ ကုလားပဲ ဖြူလုံးကြီး ဈေးမြင့်တက်လျက်ရှိကာ ကျန်ပဲမျိုးစုံ အရောင်းအဝယ် တည်ငြိမ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲမျိုးစုံတွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၄၃၅၀၀၀၊ ပဲစင်းငုံနီ ၁၃၅၅၀၀၀ နှင့် ကုလားပဲဖြူလုံးကြီး တစ်တန်လျှင် ကျပ် ၁၄၆၀၆၀၀ တို့ ဈေးဖြစ်ခဲ့သည်။ ပြောင်းတစ်တန် ဈေးနှုန်း ကျပ် ၆၄၃၀၀၀ ဖြစ်ကာ တစ်ပတ်အတွင်း ကျပ် ၁၂၃၀၀ ဈေးမြင့်ခဲ့သည်။
ဆီ
စားသုံးဆီဈေးကွက်အတွင်း မြေပဲဆီ တစ်ပိဿာ လျှင် ကျပ် ၉၅၀၀၊ နှမ်းဆီ ကျပ် ၉၅၀၀ နှင့် စားအုန်း ဆီ ကျပ် ၆၆၀၀ တို့ဖြစ်ခဲ့ကာ စားအုန်းဆီ တစ်ပိဿာ လျှင် ကျပ် ၃၀၀ ဝန်းကျင် ကျဆင်းခဲ့သည်။
ကိုရိုး
သတင်းရင်းမြစ်- မြန်မာကုန်သွယ်မှု ဗဟိုဌာန