တစ်ပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများ

 

ဆန်


ဆန်စပါးဈေးကွက်အတွင်း    ဆန်အမျိုးအစား အလိုက် ဈေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ သည်ကို မြင်တွေ့ရသည်။ ရန်ကုန်ဆန်ဈေးကွက် အတွင်း ဆန်ချောအရောင်းအဝယ်အနည်းငယ် ပါးပြီး  ဆန်ကြမ်းများ အဝယ်လိုက်  ဈေးတက် လျက်ရှိသည်။ ဧရာဝတီဈေးကွက်အတွင်း စပါး ဈေး၊ ဆန်ဈေးမြင့်တက်လျက်ရှိပြီး ရွှေဘိုဈေးကွက် အတွင်းလည်း အဝယ်အား မြင့်တက်လျက်ရှိသည်။ ဆန်ဈေးများတွင်  ပေါ်ဆန်း  တစ်အိတ်လျှင် ကျပ် ၄၉၀၀၀၊  ဧည့်မထ တစ်အိတ်လျှင် ကျပ် ၃၂၀၀၀၊ သီးထပ်ဆန် တစ်အိတ်လျှင်  ကျပ်  ၃၁၀၀၀ နှင့် ငစိန်ဆန်တစ်အိတ်လျှင် ကျပ်   ၃၂၀၀၀ ဖြစ်လာပြီး အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ၃၀၀၀ အထိ ဈေးနှုန်း အနည်းငယ်မြင့်တက်လျက် ရှိသည်။

 


စားသုံးဆီ


မြေပဲဆီနှင့် နှမ်းဆီဈေးနှုန်းများ    တည်ငြိမ် လျက်ရှိပြီး  တစ်ပိဿာလျှင်  ကျပ်   ၉၅၀၀ စီ ရှိသည်။ စားအုန်းဆီဈေးနှုန်း တစ်ပိဿာလျှင် ကျပ်  ၆၂၀၀မှ ၆၄၀၀ အကြားတွင် ဈေးနှုန်း တည်ငြိမ် လျက်ရှိကာ  အရောင်းအဝယ်    ပုံမှန်အခြေအနေ ရှိကြောင်း သိရသည်။

 


စားဖိုဆောင်သီးနှံ


ကြက်သွန်နီဈAေးနှုန်းများ   မြင့်တက်လာခဲ့ပြီး တစ်ပိဿာလျှင်  အထက်စ  ငွေကျပ်  ၁၃၀၀ ဝန်းကျင်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ ရှမ်းစတစ်ပိဿာလျှင် ငွေကျပ်  ၃၅၀၀၊ ငရုတ်ပု တစ်ပိဿာလျှင် ငွေကျပ်  ၉၅၀၀ တို့  ဈေးနှုန်းအသီးသီးရှိကြသည်။ ငရုတ်ရှည်ဈေးနှုန်းအနည်းငယ်တက်လာပြီး   တစ်ပိဿာလျှင် ငွေကျပ်  ၅၈၀၀ အရောင်းအဝယ်ဖြစ်ကြောင်းနှင့်   ကျန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ 

 

 

ပဲအမျိုးမျိုး


ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဇွန်   ၁၆ ရက် ဈေးနှုန်းများအရ မတ်ပဲ တစ်တန်လျှင်  ငွေကျပ် ၁၅၆၀၀၀၀၊   ပဲစင်းငုံ   တစ်တန်လျှင်   ငွေကျပ် ၁၄၀၅၀၀၀၊ ကုလားပဲဖြူလုံးကြီး တစ်တန်လျှင် ငွေကျပ် ၁၆၈၄၁၀၀ အသီးသီးရှိကာ မတ်ပဲဈေးနှုန်း များ ဆက်လက်မြင့်တက်နေဦးမည်ဟု      ခန့်မှန်း ရသည်။ 

ကိုရိုး