တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သင်ကြားပေးနေသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာမြို့)

 

တွေ့ဆုံမေးမြန်း-မျိုးမင်း(သာစည်)၊ ဓာတ်ပုံ-သိန်းမြင့်ကျော်(မိတ္ထီလာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်း များကို အားပေးပြီး ပို့ကုန်ကဏ္ဍကိုမြှင့်တင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသက်မွေးပညာဘာသာရပ်များ သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းများနှင့် ပတ်သက်၍ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း (မိတ္ထီလာမြို့)မှ   ကျောင်းအုပ် ဒေါ်ခင်စန်းတင်နှင့်   တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက် ပါသည်။

မေး    ။    ။    ရက်ကန်းနှင့်          အသက်မွေးပညာ 
            သင်တန်းကျောင်းမှာ  ဘယ်လိုသင်တန်း တွေကို အဓိကသင်ကြားပေးပါသလဲ။
ဖြေ    ။    ။     အဓိက        သင်ကြားပေးလျက်ရှိတဲ့ 
            သင်တန်းတွေကတော့      ချည်မျှင်နှင့်   အထည်အလိပ်ကျွမ်းကျင်သူသင်တန်း၊    လက် ရက်ကန်းသင်တန်း ဖြစ်ပါတယ်။
မေး    ။    ။    ရက်ကန်းပညာရပ်မှာ  ဘယ်လိုဘာသာ 
            ရပ်တွေကို စာတွေ့၊ လက်တွေ့ သင်ကြား ပေးပါသလဲ။ 
ဖြေ    ။    ။    ဝါမှအထည်ဖြစ်သည်အထိ လုပ်ဆောင်
            မှုအဆင့်ဆင့်     (လက်ချည်မျှင်ဆွဲ/  စက်ချည်မျှင်ဆွဲ)၊        အမျှင်အမျိုးမျိုးအကြောင်း၊  သဘာဝဆိုးဆေး၊ ဓာတုဆိုးဆေးများ၊   ဒီဇိုင်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်စတဲ့ ဘာသာရပ်တွေကို စာတွေ့ ၃၀ ရာခိုင် နှုန်း၊ လက်တွေ့   ၇၀   ရာခိုင်နှုန်းပြည့်မီအောင် သင်ကြားပို့ချပေးပါတယ်။       စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်တွေကို        အဓိကအသုံးပြုပြီး   အခြားလိုအပ်တဲ့ ချည်၊  ဆိုးဆေး၊  လွန်း၊  ရက်ကန်းနဲ့ ဆိုင်တဲ့ လက်သုံးကိရိယာအမျိုးမျိုးစတဲ့ သင်ထောက် ကူပစ္စည်းတွေကို အသုံးပြုပြီး သင်ကြားပို့ချပေးနေ ပါတယ်။
မေး    ။    ။     သင်တန်းသားအရည်အချင်း  သတ်မှတ် 
            ချက်နဲ့        ဘယ်ဒေသတွေကနေ  သင်တန်းလာတက်ကြပါသလဲခင်ဗျ။
ဖြေ    ။    ။    ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင် 
            သူ သင်တန်းအတွက်    အခြေခံပညာ အလယ်တန်းအဆင့်         အောင်မြင်ပြီးသူတွေ၊ လက်ရက်ကန်းသင်တန်းအတွက်   အခြေခံပညာ မူလတန်းအဆင့် အောင်မြင်ပြီးသူတွေနဲ့   အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူတွေကို လက်ခံသင်ကြား ပေးတာဖြစ်ပါတယ်။         မိတ္ထီလာမြို့ပေါ်မှာရှိတဲ့  ရပ်ကွက်တွေ၊      မိတ္ထီလာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ မိတ္ထီလာမြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့နယ်တွေကနေ    လာရောက်ပညာသင်ယူကြပါ တယ်။
မေး    ။    ။    ရက်ကန်းပညာရပ်ဆိုင်ရာ   သင်တန်း 
            တွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့  ဖွင့်လှစ်နေပါသလဲ။
ဖြေ    ။    ။    ရည်ရွယ်ချက်တွေကတော့      မြန်မာ့ 
            ရိုးရာရက်ကန်းပညာရပ်များ မတိမ်ကော၊   မပပျောက်စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက် ရန်၊    ရက်ကန်းဆိုင်ရာပညာရပ်များ   စနစ်တကျ ပြန့်ပွားစေရန်၊    အလုပ်အကိုင်အခွင့်အလမ်း   ပိုမို ရရှိစေရန်၊           အလုပ်အကိုင်အခွင့်အလမ်းရရှိစေ ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေ ရရှိစေ ရန်၊        တစ်နိုင်တစ်ပိုင်      စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊      MSME  လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ဖြစ်ပါတယ်။ 
မေး    ။    ။    သင်တန်းကာလ        ဘယ်လောက် 
            သတ်မှတ်ပြီး     သင်တန်းသားဦးရေ ဘယ်နှဦးအထိ ခွင့်ပြုထားပါသလဲ။
ဖြေ    ။    ။    ချည်မျှင်နှင့်အထည်အလိပ်  ကျွမ်းကျင် 
            သူ သင်တန်းကတော့ သင်တန်းကာလ တစ်နှစ်ဖြစ်ပြီး ခွင့်ပြုသင်တန်းသားဦးရေကတော့ ၂၀ ဖြစ်ပါတယ်။ လက်ရက်ကန်းသင်တန်းကတော့ သင်တန်းကာလ ခြောက်လဖြစ်ပြီး ခွင့်ပြုသင်တန်း သားဦးရေ ၁၀ ဦး ဖြစ်ပါတယ်။    
မေး    ။    ။    သင်တန်းတက်ရောက်ပြီးသူတွေ အလုပ် 
            အကိုင်အခွင့်အလမ်း        ရရှိအောင် ဘယ်လို ကူညီဆောင်ရွက်ပေးပါသလဲ။
ဖြေ    ။    ။    ရက်ကန်းနဲ့  ဆက်စပ်အဖွဲ့အစည်းတွေနဲ့  
            ချိတ်ဆက်ပြီး   အလုပ်အကိုင်ရရှိစေဖို့အပ်နှံပေးပါတယ်။   နိုင်ငံတော်ပိုင်၊   ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံတွေမှာ  ဝင်ရောက်လုပ်ကိုင်နိုင်သလို  ဌာနမှာ   သင့်လျော်တဲ့ နေရာလပ်တွေရှိတဲ့အခါမှာ လည်း ဝင်ရောက်လုပ်ကိုင်နိုင်အောင် ကူညီပေးပါ တယ်။
မေး    ။    ။    သင်တန်းကြေးနဲ့    သင်တန်းအတွက် 
            လိုအပ်တဲ့   ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လိုဆောင်ရွက်ပေးပါသလဲ။
ဖြေ    ။    ။    ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း 
            ကျောင်းမှ ဖွင့်လှစ်တဲ့  သင်တန်းအားလုံး သင်တန်းကြေးအခမဲ့ဖြစ်ပြီး   လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေကို နိုင်ငံတော်မှ  ကျခံသုံးစွဲတာဖြစ်ပါတယ်။ သင်တန်းသူသင်တန်းသားများ စိတ်အေးချမ်းသာ စွာ   ပညာသင်ယူနိုင်ဖို့  စားရိပ်သာမှာ ထမင်းချက် ဝန်ထမ်းတစ်ဦး၊  တာဝန်ကျဆရာ ဆရာမ တစ်ဦးနဲ့ သင်တန်းသား သင်တန်းသူလေးဦးစီပါဝင်တဲ့ အဖွဲ့ ဖွဲ့ထားပြီး စားသောက်ရေးအဆင်ပြေစေဖို့     အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ နေထိုင်ဖို့အတွက် တော့ ရေ၊ မီး၊ ခုတင်၊ မွေ့ရာ၊ အိပ်ရာ၊  စာကြည့်စားပွဲ၊  သေတ္တာ၊ WiFi  အပြည့်အစုံနဲ့   အဆောင်မှာ  အခမဲ့ နေထိုင်ခွင့်ပြုထားပါတယ်။
မေး    ။    ။    သင်တန်းတက်ရောက်ပြီး     တစ်နိုင်
            တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လိုရင် ဘယ်လိုကူညီပေးပါသလဲ။
ဖြေ    ။    ။    တစ်နိုင်တစ်ပိုင်   လုပ်ငန်းထူထောင်နိုင်ဖို့   
            လုပ်ငန်းသုံးပစ္စည်းတွေ၊       လက်သုံး ကိရိယာတွေကို  အခါအားလျော်စွာ  ထောက်ပံ့ပေး ပါတယ်။   လိုအပ်တဲ့ အရင်းအနှီး၊  ပစ္စည်းကိရိယာတွေ ရရှိအောင်လည်း ဌာန၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။ စဉ်ဆက်မပြတ်    လုပ်ငန်း လုပ်ကိုင်နိုင်ဖို့အတွက် စျေးကွက်ချိတ်ဆက်ပေးပါ တယ်။ စျေးကွက်ချိတ်ဆက်ပေးတယ်ဆိုတဲ့ နေရာ မှာ  ဌာနက ကျင်းပပြုလုပ်တဲ့   အသေးစားထုတ်ကုန် ပစ္စည်း   ပြပွဲပြိုင်ပွဲတွေမှာ   ပါဝင်ပြသရောင်းချခွင့် ပြုပါတယ်။     ဆက်စပ်ဌာနအဖွဲ့အစည်းတွေရဲ့   ပြပွဲ ပြိုင်ပွဲတွေ ကျင်းပရာမှာလည်း ပါဝင်ပြသရောင်းချ နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။    Super Market/Sale Center တွေမှာ ရောင်းချနိုင်ဖို့  တာဝန်ခံ တွေနဲ့  အစည်းအဝေးတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ  ပြုလုပ်ပေးပါတယ်။ ထုတ်ကုန်ပစ္စည်းတွေကို  တရား ဝင်ရောင်းချနိုင်ဖို့ ဌာနအနေနဲ့အရည်အသွေးစစ်ဆေး ပြီးတော့   မှတ်ပုံတင်တွေ ပြုလုပ်ပေးပါတယ်။
မေး    ။    ။    ရက်ကန်းနှင့်         အသက်မွေးပညာ 
            သင်တန်းကျောင်းအနေနဲ့  အသေးစား ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနဲ့  ကျေးလက်နေ မိသားစုများ  ဝင်ငွေတိုးရေး  ဆောင်ရွက်ချက်များရှိရင် ပြောပြပေးစေလိုပါတယ်။
ဖြေ    ။    ။    ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်ကစပြီးတော့  
            ဌာနအနေနဲ့ အသေးစားထုတ်ကုန်တွေဖန်တီးပေးနိုင်ရေးနဲ့   ကျေးလက်နေမိသားစုတွေဝင်ငွေတိုးရေးစီမံကိန်းကို နေပြည်တော် ပြည်ထောင်စု နယ်မြေအပါအဝင်  တိုင်းဒေသကြီးနဲ့    ပြည်နယ် အားလုံးမှာရှိတဲ့ ကျေးရွာပေါင်း ၁၅၅  ရွာမှာ အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်း အမျိုးအစားအနေနဲ့ ခုနစ်မျိုးရှိပါတယ်။ (၁)ဒေသ တစ်ခု ထုတ်ကုန်တစ်ခု  (One Region One Pro-duct)  ဆောင်ရွက်မည့်လုပ်ငန်း၊ (၂) ခေတ်မီစံပြ ကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ  ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၃) လူငယ် များ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ဆောင်ရွက် မည့်လုပ်ငန်း၊ (၄) အသေးစား  အငယ်စား  စီးပွားရေး လုပ်ငန်းများ     ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် လုပ်ငန်း၊    (၅)အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၆) ဘေးဒဏ်သင့်ပြည်သူ များအတွက်  စီးပွားရေးလုပ်ငန်းများ     ပြန်လည် ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ (၇)ဘိန်း စိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး  ဆောင်ရွက်မည့် လုပ်ငန်းတို့  ဖြစ်ပါတယ်။ မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအနေနဲ့ ဒေသခံ ပြည်သူတွေ        လူမှုစီးပွားဘဝမြင့်မားစေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့   တစ်ဖက် တစ်လမ်းမှ  ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
v    v   v