
နေပြည်တော် သြဂုတ် ၃၁
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ(၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ထွက်လာစေ ရန် ရည်ရွယ်ပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ တွင်ပါရှိသည့် ဦးစားပေး နည်းဗျူ ဟာ (၅)ရပ်နှင့်အညီ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ် ရေးနှင့် ပြုစုကုသစောင့်ရှောက် ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတွက် အေအာတီဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူရန် နိုင်ငံတော် အစိုးရမှ ရန်ပုံငွေများ နှစ်စဉ် တိုးမြှင့်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်အတွက် အေအာတီ ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူ ရန် အမေရိကန်ဒေါ်လာ ၁၆ သန်း အသုံးပြုထားပါကြောင်း။
၂၀၂၂ ခုနှစ်တွင် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့် အေအာတီ ဆေးကုဌာန ၁၄၁ ခုနှင့် အေအာတီ ဆင့်ပွားကုဌာန ၃၁၀ တို့၌ အိတ်ခ်ျ အိုင်ဗွီပိုးရှိ လူနာပေါင်း ၂၀၈,၀၀၀ ကျော်ကို အေအာတီဆေးဝါးနှင့် အခမဲ့ကုသပေးခဲ့ကြောင်း၊ ကိုယ်ဝန် ဆောင်မိခင် ငါးသိန်းကျော်ကို အိတ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း၊ မူးယစ် ဆေး အကြောထဲထိုးသွင်းသူများ အတွက် မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေးဖြင့် ကုသပေး ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ၂၀၂၂ ခုနှစ်အကုန်အထိ ရရှိသော စာရင်းဇယားများအရ မူးယစ်ဆေး အကြောထဲထိုးသွင်း သူ ၂၆,၀၀၀ ခန့်ကို မက်သာဒုန်း ဆေးကုဌာန ၉၀ တွင် မက်သာဒုန်း ဆေး တိုက်ကျွေးလျက်ရှိကြောင်း။
အိတ်ချ်အိုင်ဗွီ/အသည်းရောင် အသားဝါစီပိုး ဒွန်တွဲလူနာများ အတွက် အသည်းရောင်အသားဝါ စီပိုး ကုသမှုလုပ်ငန်းကို ကချင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ် အတွင်း စတင်ကုသမှုပေးလျက် ရှိပြီး နှစ်စဉ်တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်သူများ လက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက် မှုများရရှိစေရေး အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါနှင့် ဆက်နွှယ်သော သေဆုံးမှုများ လျှော့ချရေးနှင့် ခွဲခြားနှိမ့်ချမှု ကင်းစင်ရေး စသည့်ရည်မှန်းချက် များ ပြည့်မီပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ နည်းဗျူဟာ ဆိုင်ရာအရ ချမှတ်ထားသည့် ၂၀၃၀ ပြည့်နှစ်တွင် အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ထွက်လာရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်းပြောကြားသည်။
ထို့နောက် (ခုခံကျ/ကာလ သား)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန်းသန်းလွင်က အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ရေးနှင့် ပြုစုကုသ စောင့်ရှောက်ရေးလုပ်ငန်းများကို လည်းကောင်း၊ (ခုခံကျ/ကာလ သား) မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ မင်းယုအောင် က အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်း စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာသူ များက ဆွေးနွေးအကြံပြုကြသည်။
ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ် လည်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ တိုင်း ဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ညွှန်ကြား ရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် ရောဂါနှိမ်နင်းရေးတပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်း ဦးစီးဌာနတို့မှ ဖိတ်ကြားထားသူ များ၊ ခုခံကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ခံများ၊ WHO၊ UNAIDS၊ UNICEF၊ UNOPS အဖွဲ့တို့နှင့် မိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက် ရောက်ကြပြီး အစည်းအဝေးကို နှစ်ရက်တာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်