တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   အောက်တိုဘာ  ၁၃


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပမည်ဖြစ်သည်။


အဆိုပါအခမ်းအနား  ကျင်းပပုံများကို  ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV-HD Channel ၊ MRTV-News Channel ၊ MRTV Farmers’ Channel ၊ MRTV Sports  Channel ၊ MRTV Parliament Channel ၊ MRTV-NRC  တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊  MITV  နှင့် MWD- HD Channel ၊ MWD Variety –HD Channel ၊  Channel LIGHT Channel  တို့အပြင် Sky Net  တိုင်းရင်းသား Channel ၊ Reader’s Channel နှင့် MOI Website ၊  MOI Youtube ၊ MRTV APP: တို့ အပါအဝင် Online များမှလည်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။


ထို့ပြင် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊  ရွှေ FM ၊  FM ပုဂံ၊  Star FM ၊ သဇင် FM တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။                    

သတင်းစဉ်