တစ်နှစ်လျှင် ဆရာ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးနေ

 

အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မေ   ၂၉


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်  လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် ပညာ ရေးမှူး  ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးမြင့်လွင်နှင့်တာဝန်ရှိသူများ နှင့်အတူ   ယနေ့နံနက်ပိုင်းတွင်   ရှမ်းပြည်နယ်    ရွှေညောင်မြို့ အခြေခံ      ပညာအထက်တန်း ကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း၊   ကလောမြို့နယ် အောင်ပန်းမြို့       အမှတ်(၃) အခြေခံ     ပညာအထက်တန်း ကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့်  အမှတ် (၁၀)အခြေခံပညာအထက်တန်း ကျောင်းများသို့   သွားရောက်၍ ကျောင်းများ       ဖွင့်လှစ်နိုင်ရေး ပြင်ဆင်       ဆောင်ရွက်ထားရှိမှု အခြေအနေ၊   ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး  ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ထားမှု   အခြေအနေ၊ တည်ဆောက်  ပြီးစီးသည့်ကျောင်း ဆောင်၊ ခန်းမဆောင်အခြေအနေ၊ ကျောင်းတွင်း စိမ်းလန်းစိုပြည်ရေး နှင့် သန့်ရှင်းသာယာရေးကိစ္စရပ် များကို   ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင်  ပြည်ထောင်စုဝန်ကြီးက ဇွန် ၂ရက် တွင်   ကျောင်းများ  ဖွင့်လှစ်သည့် အခါ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ   ပညာသင်ကြားနိုင် ရေးအတွက်     လိုအပ်သည်များ ပြည့်စုံအောင်  ဖြည့်ဆည်းဆောင် ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ၏ ပညာရေး           ဖွံ့ဖြိုးတိုးတက်ရေး အတွက်        အထူးအားပေး၍ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊   ဆရာ   ဆရာမများ အနေဖြင့် မိမိပြည်နယ်၊ မိမိဒေသ တွင်ရှိသည့်          မျိုးဆက်သစ် ကျောင်းသား  ကျောင်းသူများကို ပညာတတ်   လူတော်လူကောင်း များဖြစ်အောင်  မိမိတို့ ကိုယ်တိုင် စေတနာ၊  ဝါသနာ၊  အနစ်နာဖြင့် အားစိုက်ပြီး        ပြုစုပျိုးထောင် သင်ကြား ပေးကြစေလိုပါကြောင်း၊ ပညာတတ်များ  ပေါများမှသာ နိုင်ငံအဆင့်     တိုးတက်မြင့်မား လာမည်ဖြစ်ပါကြောင်း၊   ဆရာ ဆရာမများအနေဖြင့်    မိမိတို့၏ အရည်အသွေး     တိုးတက်ရေး အတွက် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။

 


 လုပ်ငန်းခွင်  ဆရာ  ဆရာမ များအနေဖြင့်   ယခင်က   B.Ed ပညာရေးဘွဲ့   သင်တန်းများကို တစ်နှစ်လျှင်  ၃၀၀၀ ဝန်းကျင်ခန့် သာ တက်ရောက်ခွင့်ရပါကြောင်း၊ ယခုအခါ တစ်နှစ်လျှင် လုပ်ငန်း ခွင်မှ ဆရာ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများ           တက်ရောက် သင်ကြားခွင့်ရအောင်  ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊ မကြာမီ တက္ကသိုလ်ဝင်တန်း         စာမေးပွဲ အောင်စာရင်း     ထွက်တော့မည် ဖြစ်၍    အောင်မြင်သူ    ရှိသလို  စာမေးပွဲကျသူများလည်းရှိ  မည် ဖြစ်ပါကြောင်း၊   စာမေးပွဲကျသူ များနှင့်     အကြောင်းအမျိုးမျိုး ကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း    စာမေးပွဲ မဖြေဖြစ်သူများ   ယခုနှစ်တွင် ပြန်လည်   ဖြေဆိုနိုင်ပါကြောင်း၊ စနစ်သစ်ပညာရေးကို  ကူးပြောင်း နေချိန်ဖြစ်၍   ယခုပညာသင်နှစ် သည် စနစ်ဟောင်း တက္ကသိုလ်ဝင် တန်း    စာမေးပွဲကျင်းပသည့် နောက်ဆုံးနှစ်   ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်း၏     ကျောင်းဥပဓိရုပ် များ  ပြည့်စုံကောင်းမွန်မှုနှင့်အတူ အရည်အသွေးပြည့်ဝသောလူတော် လူကောင်း ကျောင်းသား ကျောင်းသူ များ   မွေးထုတ်ပေးနိုင်ရေး  ညီညီ ညွတ်ညွတ်   ပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း     ပြောကြား ခဲ့သည်။ 


သတင်းစဉ်