
နေပြည်တော် ဖေဖော်ဝါရီ ၁၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၉ နာရီ တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမ၌ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဆရာ ဆရာမ များ၊ ပြည်နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ် တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ရိုးသားဖြောင့်မတ်သည့် မျိုးဆက် သစ်ထူထောင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း)အဆင့် ဆရာကိုင်စာအုပ်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁ နှင့် ၂) နှင့် ဖြောင့်မတ်တည်ကြည် မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁ ၊ ၂ နှင့် ၃) တို့ကို ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း၊ တာဝန် ယူမှု၊ တာဝန်ခံမှုကို သူ့အရွယ်နှင့်သူ သင်ကြား လေ့ကျင့်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ အဂတိ လိုက်စားမှုကင်းစင်စေရေး၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်များကို မူလတန်းနှင့် အလယ် တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ဆောင် မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်နှင့် ပြည်သူ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများ ပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ဖွံ့ဖြိုး တိုးတက်လာရန် လိုအပ်ကြောင်း။
ဖြောင့်မတ်တည်ကြည်မှုရှိသည့် အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်နှင့် စဉ်းစားတွေးခေါ်မှုများကို ကျောင်းသားလူငယ်များ မှစ၍ စနစ်တကျ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဌာနနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဝန်ထမ်း များ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များကို ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုက်အဝန်း ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
သတင်းစဉ်