တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား သတ်မှတ်ရက် တိုးမြှင့်ဖိတ်ခေါ်ခြင်း

 

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှု ခက်ခဲခြင်းကြောင့်လည်းကောင်း   စိုးရိမ်ကြောင့်ကြမှုများကြောင့်  တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့်  အရေးယူခံထားရသည့် ဆရာ ဆရာမများ အနေဖြင့်   နိုင်ငံသား   မျိုးဆက်သစ်လူငယ်များအတွက်  စေတနာ၊ ဝါသနာ၊   အနစ်နာဟူသော   နာသုံးနာကိုရှေးရှု၍   သင်ကြားရေး တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒ အလျောက်  မိမိတို့  နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ  ကျောင်း တည်ရှိသည့်  မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊  မိမိတို့  လက်ရှိ နေထိုင်ရာဒေသရှိ    နီးစပ်ရာ    မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ  ၃၁-၅-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ဖိတ်ခေါ် ခဲ့ရာ   ဆရာ   ဆရာမ (၂၄၈၂)  ဦး  ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

 


ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း  လမ်းပန်းဆက်သွယ် ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း   သတင်းပို့နိုင်ခြင်းမရှိသော  ဆရာ ဆရာမများအတွက် သတင်းပို့ ဆက်သွယ်ရမည့်ရက်ကို  (၇ - ၆ - ၂၀၂၂)   ရက်နေ့အထိ  တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း  အသိပေးကြေညာအပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့