တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား  သတ်မှတ်ရက် တိုးမြှင့် ဖိတ်ခေါ်ခြင်း


 

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊  သွားလာမှု ခက်ခဲခြင်းကြောင့်လည်းကောင်း    စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော    ပညာရေးဝန်ထမ်း   ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများ အနေဖြင့်    နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက်   စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ    ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊   မိမိတို့ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ  ယနေ့အထိ  ဆရာ ဆရာမ(၂၉၆၀)ဦး ဆက်သွယ်သတင်းပို့ခဲ့ပါသည်။
ဆက်သွယ်သတင်းပို့ရန်    ဆန္ဒရှိပါသော်လည်း    လမ်းပန်း ဆက်သွယ်ရေးနှင့်  အခြားသော အခက်အခဲများကြောင့် သတ်မှတ် ရက်အတွင်း  သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို (၁၄ - ၆ - ၂၀၂၂) ရက်နေ့အထိ ထပ်မံ၍တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း    အသိပေးကြေညာ အပ်ပါသည်။
                                                                                                                           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
                                                                                                                                  သတင်းထုတ်ပြန်ရေးအဖွဲ့