
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၇၀/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်)
တာဝန်မှ အနားယူခွင့်ပြုခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးတင်မြင့်အား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး