တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား ထပ်မံပစ်လွှတ်

 

ဆိုးလ်   စက်တင်ဘာ   ၂၈  


မြောက်ကိုရီးယား    နိုင်ငံသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်း ကို  နိုင်ငံအရှေ့ပိုင်း   ကမ်းလွန် ပင်လယ်ပြင်သို့   ပစ်လွှတ်လိုက် ကြောင်း  တောင်ကိုရီးယား   ပူးတွဲ စစ်ဦးစီးချုပ်   (ဂျေစီအက်စ်)    က စက်တင်ဘာ  ၂၈  ရက်တွင် ပြော သည်။ 
ပြုံယမ်းရှိ ဆူနန်ဒေသမှ  နိုင်ငံ အရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင် သို့  ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်နှင့် ၆ နာရီ မိနစ် ၂၀ ကြား တွင်   မြောက်ကိုရီးယားနိုင်ငံက     ပစ်လွှတ်လိုက်သော       တာတိုပစ် ပဲ့ထိန်း      ဒုံးကျည်နှစ်စင်းကို ထောက်လှမ်း   တွေ့ရှိခဲ့ကြောင်း ဂျေစီအက်စ်က  ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။ 

 


မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၂၅ ရက်က နိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင်သို့ တာတို ပစ်         ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီးနောက်    သုံးရက် အကြာတွင်     အဆိုပါ    ဒုံးကျည် နှစ်စင်းပစ်လွှတ်မှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။  မြောက်ကိုရီးယား နိုင်ငံ၏  ယခုအကြိမ်   ဒုံးကျည် ပစ်လွှတ်မှုသည်      ယခုနှစ်တွင် အကြိမ် (၂၀) မြောက် ပစ်လွှတ်မှု ဖြစ်ကြောင်း သိရသည်။  

ဆင်ဟွာ