
နတ်တလင်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး နတ်တလင်း မြို့နယ် တာပွန်မြို့အလယ်ပိုင်း ရပ်ကွက်၌ တည်ထားကိုးကွယ် ထားသည့် တိလောကမာရဇိန် ရွှေသာလျောင်းဘုရားကြီးအတွင်း ပူဇော်ခံထားရှိသော ဗုဒ္ဓမြတ်စွယ် တော်အား မတ် ၁၂ ရက် မွန်းတည့် ၁၂ နာရီတွင် မြို့တွင်းသို့ လှည့်လည် အပူဇော်ခံခဲ့သည်။
အဆိုပါလှည့်လည်ပူဇော်ပွဲတွင် တာပွန်မြို့ မြို့နယ်သံဃနာယက အဖွဲ့ဝင် ရွှေကျွန်းတောကျောင်း ဆရာတော် ဥူးဥတ္တရနှင့်ဆရာတော် သံဃာတော်ကြီးများ၏ လမ်းညွှန်မှု ကိုခံယူကာ ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ဂေါပက အဖွဲ့ဝင်များက မြတ်စွယ်တော် ပင့်ဆောင်လှည့်လည်မည့် ရွှေကရ ဝိက်ဖောင်ပေါ်သို့ ပင့်ဆောင်ပြီး ရပ်ကွက်အသီးသီးရှိ ဝတ်အသင်း များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီး ယောဂီအသင်းများ၊ တီးဝိုင်းများဖြင့် ပင့်ဆောင်လှည့်လည်ရာ ရပ်ကွက် အသီးသီးရှိ ပြည်သူများက လှူဖွယ်ပစ္စည်းများဖြင့် စည်ကား သိုက်မြိုက်စွာ လှူဒါန်းပူဇော် သည်။
တင်မြင့်(နတ်တလင်း)