တာမွေ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ နှစ်ဆန်း ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပြသလျက်ရှိ

 

တာမွေ  ဧပြီ  ၂၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ဗညားဒလလမ်းပေါ်ရှိ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးအား အများပြည်သူများ လွတ်လပ်ပေါ့ပါးစွာ စိတ်အပန်းဖြေကြည့်ရှုနိုင်စေရေးအတွက် ဧပြီ ၁၇ ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့)မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြသပေးလျက်ရှိသည်။
“ ရုပ်ရှင်ရုံမှာလည်း  ရုပ်ရှင် လာမကြည့်ရတာ ကြာပြီဖြစ်တာ ရယ်၊ အခုတင်ထားတဲ့ ဇာတ်ကား လေးကိုလည်း  အလွန်ကြိုက်တာ ရယ်ကြောင့် အခုလို လာရောက် ကြည့်ရှုဖြစ်တာပါ။  အခုခေတ်မှာ ရုပ်ရှင်ဇာတ်ကား တော်တော်များ များကို အိမ်မှာနေပြီး မိုဘိုင်းဖုန်း ကနေ ကြည့်လို့ရတယ်ဆိုပေမယ့် လည်း   ရုပ်ရှင်ရုံမှာ  ကိုယ်တိုင် လာရောက်ကြည့်ရှုတာနဲ့ အရသာ က မတူပါဘူး။ ဒီရုပ်ရှင်ရုံတွေမှာက နောက်ဆုံးပေါ်   နည်းပညာတွေ ကိုသုံးပြီး ရုပ်သံပြသတဲ့စနစ်ကို သုံးထားတဲ့အတွက် ကိုယ်ကိုယ် တိုင်အပြင်မှာ တကယ်ဖြစ်နေတဲ့ အတိုင်း ခံစားရတာဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်”ဟု ရုပ်ရှင်လာရောက်   ကြည့်ရှုသူ ပရိသတ်တစ်ဦးက ပြောသည်။
ရန်ကုန်    အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်    ယခင်က မင်္ဂလာအဆင့်မြင့်   ရုပ်ရှင်ရုံနှင့် Mega Ace (ရွှေဗဟိုရ် ရုပ်ရှင်ရုံ) နှစ်ရုံတို့တွင် မြန်မာရုပ်ရှင်ဇာတ် ကားများနှင့်  နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို ဖွင့်လှစ်ပြသ ခဲ့ရာမှ ကိုဗစ်-၁၉ရောဂါ ကူးစက် မှုနှုန်း    မြင့်မားလာမှုကြောင့် အဆိုပါရုပ်ရှင်ရုံ နှစ်ရုံအပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများအားလုံးကို   ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသဖြင့် တာမွေမြို့နယ်ရှိ မင်္ဂလာရုပ်ရှင်ရုံ အပါအဝင်   နိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံများကို  မြန်မာသက္ကရာဇ် ၁၃၈၄   ခုနှစ်    မြန်မာနှစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ် ပြသပေးလျက်ရှိပြီး     တာမွေ မြို့နယ်ရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင် ရုံတွင် နံနက် ၁၀ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲ တစ်ကြိမ်၊ ညနေ ၃ နာရီခွဲ တစ်ကြိမ်၊   ညနေ ၆ နာရီခွဲတွင် တစ်ကြိမ်  ပွဲချိန်လေး ချိန် ပြသလျက်ရှိပြီး ဝင်ကြေးနှုန်း ထားများအနေဖြင့်လည်း အနည်း ဆုံး ငွေကျပ်၁၅၀၀ မှ အများဆုံး ငွေကျပ် ၃၅၀၀ ရှိကြောင်း   သိရ သည်။   နိုင်လင်းအောင်(တာမွေ)