
ဂျီနီဗာ ဩဂုတ် ၁၄
အာဖဂန်နစ္စတန်အစိုးရတပ်များအပေါ် ထိုးစစ်ဆင် နေမှုများရပ်နားထားရန် တာလီဘန်များကို ဩဂုတ် ၁၃ ရက်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က တိုက်တွန်းပြောကြား ခဲ့သည်။ အာဖဂန်နစ္စတန်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက်ဆွေးနွေးပွဲသို့ ပြန်လာရန်လည်း တိုက် တွန်းထားသည်။
အာဖဂန်နစ္စတန်တွင် ထိန်းချုပ်မှုများ ပြိုလဲနေ ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများမှာ နာရီနှင့်အမျှ လိုအပ်နေသည်ဟု ကုလ သမဂ္ဂဌာနချုပ်တွင် အရာရှိများက သတင်းထောက် များကို ပြောသည်။ စစ်ပွဲများကြောင့် ထိခိုက်ခံစားနေရသည့်ပြည်သူများအတွက်လည်း နောက်ထပ် ထိခိုက်ခံစားမှုမျိုးနှင့် မကြုံတွေ့ချင်တော့ကြောင်း၊ ဟယ်မန်း၊ ကန်ဒဟာနှင့် ဟီရတ်ပြည်နယ်တို့တွင် လည်း တိုက်ပွဲများအတွင်း လူပေါင်း ၁၀၀၀ ကျော် သတ်ဖြတ်ခံရခြင်းနှင့် ဒဏ်ရာရခြင်းတို့ဖြစ်ပေါ်ခဲ့သည် ဟု သိရသည်။
တာလီဘန်နှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ ကြား တိုက်ပွဲများကြောင့် ဆုံးရှုံးနစ်နာမှုများကြီးမားရသည်ဟုလည်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ လူပေါင်း ၂၄၁၀၀၀ မှာ နေရပ်စွန့်ခွာထွက်ပြေးရန် ဖိအားပေးခံရပြီး ဆေးရုံများမှာလည်း လူနာများနှင့် ပြည့်နှက်နေသည်။ အစားသောက်နှင့် ဆေးဘက်ထောက်ပံ့ရေးပစ္စည်းများမှာလည်း တဖြည်းဖြည်း ချင်း လျော့ပါးလာပြီဖြစ်သည်။
လမ်းများ၊ တံတားများ၊ ကျောင်းများနှင့် ဆေး ပေးခန်းများအပါအဝင် အခြားသောအရေးပါသည့်အခြေခံအဆောက်အအုံများလည်းဖျက်ဆီးခံရသည် ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ