
ကဘူးလ် စက်တင်ဘာ ၉
တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာ ဟိုင်ဘာတူလာ အခွန်ဇာဒါးသည် တာလီဘန်အစိုးရသစ်ကို ဦးဆောင်မည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြား ချက်ကို ကိုးကားဖော်ပြခဲ့သည်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အာဖဂန်နစ္စတန်အစိုးရသစ်ကို အစ္စ လာမ္မစ် စော်ဘွားများ ပြည်ထောင်စုဟုခေါ်တွင် စေရမည်ဖြစ်ကြောင်းနှင့် အစိုးရသစ်ကို မူလာ ဟိုင်ဘာတူလာ အခွန်ဇာဒါးက ဦးဆောင်မည်ဖြစ် ကြောင်း သတင်း၌ ဖော်ပြသည်။
မူလာဟိုင်ဘာတူလာ အခွန်ဇာဒါးသည် တာလီ ဘန်၏ ထိပ်တန်းခေါင်းဆောင်နေရာကို ယူမည် ဖြစ်သည်။ ထိပ်တန်း ခေါင်းဆောင်နေရာဆိုသည်မှာ နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေးစသည့် အုပ်စုအဖွဲ့ များအားလုံးထက် အမြင့်ဆုံး လုပ်ပိုင်ခွင့်ရှိသည့် နေရာဖြစ်သည်။
ယခုသီတင်းပတ် အစောပိုင်းတွင် ကြေညာခဲ့ သော အစိုးရအဖွဲ့သစ်တွင် မူလာ ဟက်ဆန်အခွန် ဇာဒါးက ယာယီ ဝန်ကြီးချုပ် (အစိုးရအဖွဲ့အကြီးအကဲ) အဖြစ် တာဝန်ယူမည်ဖြစ်ပြီး မူလာဂါနီဘာရာဒါကို ၎င်း၏ လက်ထောက်အဖြစ် အစ္စလာမ္မစ်အစိုးရအဖွဲ့ တွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရအဖွဲ့သစ်သည် အစ္စလာမ္မစ်စော်ဘွား များ ပြည်ထောင်စုနာမည်အောက်တွင် ၎င်း၏ လုပ်ငန်းတာဝန်များကို စတင်လုပ်ကိုင်မည်ဖြစ် သည်။
အာဖဂန်နစ္စတန်၏အရေးကိစ္စများကို မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် အစိုးရ၏နာမည်၊ ပုံစံ၊ ဖွဲ့စည်းပုံများကို အာဖဂန် ပြည်သူများကသာပိုင်ပြီး မိမိတို့အရေးကို မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်မည်ဟု ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။ အိန္ဒိယတူဒေး