တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

 

၁။    အကောက်ခွန်ဦးစီးဌာနသည်  ရန်ကုန်ဧရိယာ၊  မြဝတီနယ်စပ်ဒေသ၊    မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System) ကို အသုံးပြုလျက်ရှိပြီး ယခုအခါတိုးချဲ့ဒေသအဖြစ်     တာချီလိတ် နယ်စပ်ဒေသတွင်  ၂၀၂၄ ခုနှစ်၊  မတ်လ ၂၂ ရက်နေ့မှစတင်၍ အသုံးပြုသွားမည် ဖြစ်ပါသည်။


၂။    တာချီလိတ်နယ်စပ်ဒေသတွင်   MACCS စနစ်  အောင်မြင်စွာ အသုံးပြုနိုင်ရေးအတွက်   အကောက်ခွန် ဦးစီးဌာနမှ   ဝန်ထမ်းများ၊ ကုန်သွယ်မှုဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်း၊ တာချီလိတ်မြို့ရှိ ကုန်ပစ္စည်း တင်သွင်း/ တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှု  လုပ်ငန်း ရှင်များအသင်းတို့၏  ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့ရာ  ကုန်သွယ်မှုဆက်စပ် ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှုဆိုင်ရာ   စာတွေ့လက်တွေ့ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့်  စနစ်စမ်းသပ်အသုံးပြုခြင်း (Running Test) တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။


၃။    အကောက်ခွန်ဦးစီးဌာနသည် တာချီလိတ်နယ်စပ်ဒေသနှင့် ဆက်စပ်သည့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ  စစ်ဆေး ရေးစခန်းများတွင်   တင်သွင်း/ တင်ပို့လုပ်ငန်းများနှင့်  ဆက်စပ် သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ် များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် တာချီလိတ် နယ်စပ်ဒေသတွင် တင်သွင်း/ တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှု  ဆောင်ရွက်သူ များအနေဖြင့် အကောက်ခွန်ဆိုင်ရာ  ကုန်ပစ္စည်းရှင်းလင်းရေး  လုပ်ငန်းစဉ်များကို (၂၂.၃.၂၀၂၄) ရက်နေ့မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ 


အကောက်ခွန်ဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန