တာချီလိတ်မြို့တွင် အောက်ဆီဂျင်ထုတ်စက် မကြာမီ စတင်လည်ပတ်နိုင်တော့မည်

 

တာချီလိတ်  သြဂုတ်  ၂၇


ရှမ်းပြည်နယ်အရှေ့ပိုင်း   တာချီ လိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု  လူနာများအတွက် အောက်ဆီဂျင်ကို အခမဲ့အသုံးပြု နိုင်ရန်       စံလင်းဖြိုးကုမ္ပဏီက လှူဒါန်းသည့်     အောက်ဆီဂျင် ထုတ်စက်နှင့်    စက်ပစ္စည်းများ  ဩဂုတ် ၂၅ ရက်က    ရောက်ရှိလာ ပြီး စက်များကို       တပ်ဆင်လျက်ရှိ ကြောင်း သိရသည်။


ယခု     ရောက်ရှိလာသည့် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုး ရှိ    အောက်ဆီဂျင်ထုတ်စက်ကို စံလင်းဖြိုးကုမ္ပဏီပိုင်ရှင် ဦးအားတီ နှင့် ဇနီး     ဒေါ်ခင်ခင်ထွေးတို့က ကိုဗစ်-၁၉  ရောဂါ    လူနာများ အခမဲ့အသုံးပြုနိုင်ရန် နိုင်ငံတော် သို့ လှူဒါန်းခြင်းဖြစ်ပြီး တစ်နေ့ လျှင် အောက်ဆီဂျင် လီတာ   ၄၀ ဝင်အိုး ၁၈၀ ခန့်   ထုတ်လုပ်နိုင် ကြောင်း၊   လက်ရှိ  ခရိုင်ပြည်သူ့ ဆေးရုံ၌    အသုံးပြုနေသည့် အောက်ဆီဂျင်ထုတ်စက်သည် တစ်နေ့လျှင်  လီတာ  ၄၀ ဝင်အိုး ၄၀ ကို  ထုတ်လုပ်နိုင်သဖြင့် စုစု ပေါင်း တစ်နေ့အိုးပေါင်း   ၂၀၀ ကျော်    ထုတ်လုပ်နိုင်မည်ဖြစ်ရာ တာချီလိတ်မြို့အတွက် လုံလောက် စွာ အခမဲ့ဖြန့်ဝေအသုံးပြုခွင့်ပေးနိုင်မည်ဖြစ်သည့်အပြင် ပိုလျှံသောအောက်ဆီဂျင်အိုးများကိုလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိမြို့များ သို့    အခမဲ့ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း   တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ယင်း အောက်ဆီဂျင်ထုတ်စက် ကို တရုတ်နိုင်ငံမှ မှာယူတင်သွင်း ပြီး ကျိုင်းတုံမြို့မှတစ်ဆင့် တာချီ လိတ်မြို့သို့    ရောက်ရှိလာခဲ့ရာ    စက်ပစ္စည်း       ကိရိယာများကို တပ်ဆင်လျက်ရှိပြီး       မကြာမီ စတင်လည်ပတ်နိုင်ရန်      စီစဉ် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အောက်ဆီဂျင်ထုတ်   စက်သည် ကမ္ဘာ့အသိအမှတ်ပြု ISO လက်မှတ် ၉၁၀ ကို  ရရှိထားကာ စက်အပို ပစ္စည်းကိရိယာများ   သုံးနှစ်စာ အတွက်  ကြိုတင်ဝယ်ယူထားပြီး လည်း ဖြစ်သည်။


အဆိုပါ   စက်နှင့်စက်ပစ္စည်း များ      တင်ဆောင်လာသည့် မော်တော်ယာဉ်များကို စစ်ဗျူဟာ အဖွဲ့ (အခြေချ)   တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်း ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်    ဌာနဆိုင်ရာ များ၊    မြို့ဘက်စုံဖွံ့ဖြိုးတိုးတက် ရေး    အထောက်အကူပြုအဖွဲ့ဝင် များနှင့်  လူမှုကူညီရေးပရဟိတ အသင်းများက    တာချီလိတ်မြို့ အဝင် မယ်ယန်းပူးပေါင်းစစ်ဆေး ရေးဂိတ်၌   သွားရောက်ကြိုဆိုခဲ့ ကြသည်။


ယင်း အောက်ဆီဂျင်ထုတ်စက် ထားရှိမည့်နေရာနှင့်  စက်ပစ္စည်း များကို သံဃာတော် အရှင်သူမြတ် များက     အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ခြင်း၊    ပရိတ်ရေများ ပက်ဖျန်းခြင်းနှင့်    သံဃာတော် များအား   နေ့ဆွမ်းဆက်ကပ် လှူဒါန်းမှုများ   ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)