တာချီလိတ်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ    ၂၆


ရှမ်းပြည်နယ်  (အရှေ့ပိုင်း)  တာချီလိတ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၃၉၀  တန်ဖိုးရှိ     စိတ်ကြွရူးသွပ် ဆေးပြားများ   ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့ သည်   စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် မြို့ရှောင်လမ်း၌ သတင်းအရ  အားဖာ (၃၆  နှစ်)   မော်တော်ဆိုင်ကယ်ဖြင့်     သယ်ဆောင် လာသည့်   ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၈၉၀ တန်ဖိုးရှိ    စိတ်ကြွရူးသွပ်ဆေးပြား     ၁၇၈၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ည ၈ နာရီခွဲခန့် တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်    ကင်းကျေးရွာအနီးတွင်   မြတ်သူရ  (ခ) မတ်စအွတ် (၂၀   နှစ်)   မောင်းနှင်လာသည့်  တိုယိုတာခရောင်း မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ     ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား    ၁၀၀၀၀၀  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ    ည   ၉   နာရီတွင် ကင်းကျေးရွာအနီး ဇော်ဂျီမြစ်ကမ်းရေချိုးဆိပ်တွင်    မူးယစ်ဆေးဝါး  သယ်ဆောင်ရာ၌  ပူးပေါင်းပါဝင်သူ စိုင်းဆိုင်လင်း (၂၁ နှစ်) အား ဆိုင်ကယ်တစ်စီးနှင့် အတူ    ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း    သိရှိရသဖြင့်     ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား    ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။          


သတင်းစဉ်