တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် တင်ကျန်ခဲ့သော ရွှံ့နွံများကို စည်ပင်သာယာရေးဌာနနှင့် ပြည်သူများ ပူးပေါင်းရှင်းလင်း

 

တာချီလိတ်   ဩဂုတ်   ၁၀


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းနေရာ အနှံ့ အပြား   ရပ်ကွက်နေအိမ်  အများအပြားနှင့် စာသင် ကျောင်းတို့တွင်  ရွှံ့နွံများ တင်ကျန်ခဲ့ရာ  စည်ပင် သာယာရေးဌာနနှင့်  ပြည်သူများ ပူးပေါင်းရှင်းလင်း လျက်ရှိကြောင်း သိရသည်။

 


ဩဂုတ် ၈ ရက်က စံချိန်တင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   မြေနိမ့်ပိုင်း    ရပ်ကွက်များနှင့် လူနေအိမ်အများအပြား၊   စာသင်ကျောင်းတို့တွင် ရေဝင်ရောက်ခဲ့ပြီး ရွှံ့နွံများ တင်ကျန်ခဲ့ရာ စည်ပင် သာယာရေးဌာနမှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူ များက ပူးပေါင်းရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ၌      ယနေ့နံနက် ၉  နာရီတွင် တာလော့ရပ်ကွက်အတွင်းရှိ လမ်းများ နှင့်တာလော့ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောင်းဝင်းအတွင်း ရေဝင်ရောက်မှုကြောင့် တင်ကျန် ခဲ့သော  ရွှံ့မြေများကို  ဆေးကြောခြင်းနှင့် သန့်ရှင်း ရေး    ပြုလုပ်ခြင်းများကို   မီးသတ်တပ်ဖွဲ့ဝင်များ၊      ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ က ပူးပေါင်းရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                        

 ယာဆေး (ပြန်/ဆက်)