
တာချီလိတ် ဇူလိုင် ၁၂
တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ထိုင်း နိုင်ငံမှ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စက်သုံးဆီများကို တင်သွင်းလျက်ရှိသည်။
ဆောက်လုပ်ရေးပစ္စည်းများအနက် ဘိလပ်မြေ ကို အဓိကတင်သွင်းပြီး ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃၉၈ သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၃၈ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁ ဒသမ ၀၈၀ သန်း တင်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ တင်သွင်းမှုအနေဖြင့် ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ တန်ချိန် ၄၈၁၈ ဒသမ ၂၀၀ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၈၇ သန်း တင်သွင်း ခဲ့သည်။
တာချီလိတ်မြို့နှင့် ကုန်သွယ်မှုဆောင်ရွက်လျက် ရှိသည့် ထိုင်းနိုင်ငံသည် ပြောင်းသီးနှံကို ဖေဖော်ဝါရီ လမှ ဩဂုတ်လအထိ ပင်ရင်းနိုင်ငံ အခွန်ကင်းလွတ် သက်သာခွင့်ကာလဖြစ်သည့်အတွက် ပြောင်း တင်ပို့ ဆောင်ရွက်လျက်ရှိသည့် ကုန်သည်လုပ်ငန်း ရှင်များသည် ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိသည့် ပြောင်းများကို ပို့ကုန်လိုင်စင်လျှောက်ထား ရယူ ခြင်း၊ ပို့ကုန်ယာဉ်ဖြတ်သန်း သယ်ဆောင်ခွင့်ပြု လက်မှတ် လျှောက်ထားရယူခြင်းနှင့် ပို့ကုန် ကြေညာလွှာ ဖွင့်လှစ်ဆောင်ရွက် ခြင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက် ရှိသည်။
တာချီလိတ် ကုန်သွယ်ရေး စခန်း မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက် မှ ၁၁ ရက်အထိ ပြောင်းတန်ချိန် ၅၅၆၂ ဒသမ ၆၀၂ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂၉ သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။ ပြောင်းဈေးအနေဖြင့် ဇူလိုင် ၁၁ ရက်တွင် ၁၀ ဒသမ ၄ ဘတ်ရှိပြီး ယခုရက်ပိုင်းအတွင်း ပြောင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
DOT (Tachileik)