တာချီလိတ်ကုန်သွယ်ရေးစခန်း ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ဆောင်ရွက်နိုင်

 

တာချီလိတ်    ဒီဇင်ဘာ   ၂၇


တာချီလိတ်ကုန်သွယ်ရေးစခန်းမှ   ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၂၆ ရက်အထိ) ပို့ကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃၄ သန်းနှင့်   သွင်းကုန်   အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၀၂ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၃၆ သန်း ဆောင်ရွက် နိုင်ခဲ့သည်။ 


ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် ထောပတ်သီး ၅၈ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၃၂ သန်း၊ ကြက်သွန်ဖြူ ၂၉ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၈၁ သန်း၊ လိမ္မော်သီး ၁၃ ဒသမ ၂ တန်  တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၀၂ သန်း၊  ပလတ် စတစ်ဖြတ်စ ၁၀ တန် တန်ဖိုး ဒေါ်လာ ၀ ဒသမ ၀၀၄ သန်းနှင့် စက္ကူဖြတ်စ    တန်   ၃၀  တန်ဖိုး    ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း    စုစုပေါင်း   ဒေါ်လာ ၀ ဒသမ ၁၂၂ သန်း တင်ပို့နိုင်ခဲ့သည်။

 
သွင်းကုန်အနေဖြင့် စက်သုံးဆီ၊ ဘိလပ် မြေနှင့်    ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး   ၂၀၂၃   ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင်   ဓာတ်ဆီ   ဒေါ်လာ ၀ ဒသမ ၀၆၅ သန်း၊ ဒီဇယ် ဒေါ်လာ ၀ ဒသမ ၂၆၅ သန်း၊  မီးခံအုတ်  ဒေါ်လာ ၀ ဒသမ ၀၄၀ သန်း၊ ကွန်ကရစ်အမိုးပြား ဒေါ်လာ ၀ ဒသမ ၀၁၄ သန်း၊  ဘိလပ်မြေမျက်နှာ ကြက်ပြား   ဒေါ်လာ   ၀ ဒသမ ၀၂၄ သန်း၊ ကားတာယာ ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း နှင့် ဘိလပ်မြေ ဒေါ်လာ ၀ ဒသမ ၀၂၅ သန်း အပါအဝင်   ဒေါ်လာ ၀ ဒသမ  ၅၁၄ သန်း တင်သွင်းနိုင်ခဲ့သည်။ ငွေလဲနှုန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျပ် တစ်သိန်းလျှင်   ၁၀၀၅  ဘတ်   ဖြစ်ပေါ်ခဲ့  ကြောင်း သိရှိရသည်။                  

 

DOCA