
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် အခြေခံပညာကျောင်းများရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ခရိုင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ တာချီလိတ်ခရိုင်အတွင်းရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေ ကို သိပါရစေရှင့်။
ဖြေ ။ ။ ကျွန်တော်တို့ခရိုင်မှာ တာချီလိတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် ရယ် ရှိပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်လည် ဖွင့်လှစ်မှာဖြစ်တဲ့အတွက် အထက်တန်းနှင့် အလယ် တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနိုင်ဖို့ နိုင်ငံတော် ရဲ့ အစီအစဉ်အရ မြို့နယ်တိုင်းမှာ စီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်။ ဆေးထိုးဖို့အဖွဲ့ တွေ၊ ကြီးကြပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်ပါ တယ်။ ကျောင်းသား ကျောင်းသူများရဲ့ စာရင်းတွေကို လည်း ကြိုတင်ကောက်ယူထားပြီး ဖြစ်ပါတယ်။ ဆေးရောက်ပြီဆိုရင် စတင်ထိုးနှံနိုင်အောင် အားလုံး အဆင်သင့် ဖြစ်နေပါပြီ။
မေး ။ ။ တာချီလိတ်ခရိုင်မှာ အသက် ၁၂ နှစ် အထက် ကာကွယ်ဆေးထိုးနှံပေးရမည့် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်းဘယ်လောက် ရှိပါသလဲ။
ဖြေ ။ ။ တာချီလိတ်မြို့နယ်မှာ အထက်တန်း ကျောင်းသားဦးရေ ၃၀၇ ဦး၊ အလယ်တန်း ကျောင်းသားဦးရေ ၁၈၂၆ ဦး စုစုပေါင်း ၂၁၃၃ ဦး ရှိပါတယ်၊။ မိုင်းဖြတ်မြို့နယ်မှာဆိုရင် အထက်တန်း ကျောင်းသားဦးရေက ၇၅၂ ဦး၊ အလယ်တန်း ကျောင်းသားဦးရေ ၄၂၂ ဦး စုစုပေါင်း ၁၁၇၄ ဦး ရှိပါ တယ်။ မိုင်းယောင်းမြို့နယ်မှာဆိုရင် အထက်တန်း ကျောင်းသားဦးရေက ၁၇၅ ဦး၊ အလယ်တန်း ကျောင်းသားဦးရေ ၁၀၁၇ ဦး စုစုပေါင်း ၁၁၉၂ ဦး ရှိပါတယ်။ တစ်ခရိုင်လုံး ပေါင်းလိုက်ရင် ကာကွယ် ဆေးထိုးနှံပေးရမည့် အသက် ၁၂ နှစ်အထက် ကျောင်း သားကျောင်းသူ ဦးရေ စုစု ပေါင်း ၄၄၉၉ ဦး ရှိပါတယ်။
မေး ။ ။ ဆေးထိုးစုရပ်နေရာတွေ စီစဉ်ဆောင်ရွက် ထားမှုကိုလည်း သိပါရစေရှင့်။
ဖြေ ။ ။ တာချီလိတ်မြို့နယ်မှာ အခြေခံပညာ ကျောင်း အထက်တန်း၊ အလယ်တန်း ဆေးထိုးမယ့် နေရာစုရပ် ၈ နေရာ၊ မိုင်းဖြတ်မှာစုရပ် ၁၄ နေရာ၊ မိုင်းယောင်းမှာစုရပ် ၈ နေရာ စုစုပေါင်း နေရာ ၃၀ မှာ ဆေးထိုးစုရပ်တွေ ဆောင်ရွက်ထားပါ တယ်။ ဆေးထိုးနေရာအများစုက စာသင်ကျောင်း တွေမှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ရပ်ကွက်ထဲမှာ စုစည်းမယ့်အစား စာသင်ကျောင်းထဲ မှာ စုစည်းလို့ရှိရင် နေရာအကျယ်အဝန်း၊ သန့်ရှင်း သပ်ရပ်မှုအနေအထားရော၊ ကျန်းမာရေးအနေ အထားအရရော အားလုံးအဆင်ပြေပါတယ်။ ဒါကြောင့် ဆေးထိုးစုရပ်အများဆုံးကို ကိုယ့်ကျောင်း နဲ့ ကိုယ်စုစည်းထားတာဖြစ်တဲ့အတွက် အဆင်ပြေ အောင်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ ကာကွယ်ဆေးထိုးနှံရာမှာ အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဘယ်လိုများ စီမံ ဆောင်ရွက်ထားပါသလဲ။
ဖြေ ။ ။ ဆေးထိုးစုရပ်တွေမှာ ဆေးထိုးမည့်အဖွဲ့ တွေကို စုဖွဲ့ထားရပါတယ်။ စုဖွဲ့တဲ့ အချိန်ကတည်းက ဆေးထိုးစုဖွဲ့ အဖွဲ့ခေါင်းဆောင်က ဆရာဝန်တွေ၊ ကျန်းမာရေးမှူးတွေ ဖြစ်ပါတယ်။ တချို့နေရာမှာ တပ်မတော်သားဆေးမှူးတွေကို အကူအညီတောင်းခံပြီးတော့ ဆေးထိုးတဲ့ခေါင်းဆောင် အဖြစ် စီမံဖွဲ့စည်းထားပါတယ်။ ဆေးထိုးတာတို့၊ ဆေးပြင်တာတို့က သူနာပြုတွေ ဖြစ်ပါတယ်။ ဆေးထိုးအဖွဲ့တိုင်းမှာ ဆေးထိုးနှံပေးသူပါမယ်။ ဆေးပြင်ပေးသူပါမယ်။ ကျန်းမာရေး စစ်ဆေးပေးသူ၊ စာရင်းရေးသွင်းသူ၊ ကြိုဆိုနေရာချထားပေးသူပါမယ်။ ကျောင်းရဲ့ တာဝန်ခံပါမယ်။ ပညာရေးကိုယ်စားလှယ် တစ်ဦးပါမယ်။ အဲဒီလူတွေဟာ ဆေးထိုးအဖွဲ့တိုင်းမှာ စုဖွဲ့ပြီး ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေး ကိစ္စတွေဖြစ်လာရင် ဆေးမထိုးခင်အချိန် ကျန်းမာရေး စစ်မယ်။ ဆေးထိုးပြီး ခေတ္တနားချိန်မှာ ထူးခြားမှုရှိရင် လည်းစစ်ဆေးကြည့်ရှုမယ်။ အဲဒါတွေအပြင် မြို့တိုင်း မှာ အရေးပေါ်အခြေအနေဖြစ်လာရင် အသုံးပြုနိုင် အောင် လူနာတင်ယာဉ်တွေ ပြင်ဆင်ထားပြီး ဆေးရုံ ကို ချက်ချင်းပို့နိုင်အောင် ဆေးထိုးစုရပ်တွေမှာ အဆင်သင့်ပြင်ဆင်ထားရှိမှာ ဖြစ်ပါတယ်။
မေး ။ ။ ခရိုင်အုပ်ချုပ်ရေ:မှူးအနေနဲ့ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းနဲ့ ပတ်သက်လို့ အကြံပြု စကားလေးလည်း ပြောကြားပေးပါ။
ဖြေ ။ ။ စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ သားငယ်သမီးငယ် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ ပေးဖို့ အဓိကလိုအပ်ပါတယ်။ လူအများနဲ့ ပူးပေါင်းပြီး စာသင်ရတာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီး ဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းချမှတ်ထား တဲ့ SOP တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဘက်က ဆေးထိုးမယ့်အဖွဲ့တွေ စီမံ သလိုပဲ ဆေးထိုးတဲ့နေရာတိုင်းမှာ လုံခြုံရေးတွေ လည်း ဖြည့်စွက်ဆောင်ရွက်ထားပါတယ်။ မိဘတွေ ကလည်း ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေး ဖို့အတွက် အရေးကြီးတယ်ဆိုတာ အဓိကအလေး ထားရမှာ ဖြစ်ပါတယ်။ မိဘပြည်သူများကို မေတ္တာ ရပ်ခံချင်တာကတော့ ကိုယ့်သားငယ်သမီးငယ်တွေကို ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါကင်းရှင်းဖို့ မိဘတွေ ကိုယ်တိုင် ဆရာ ဆရာမတွေ၊ ကျွန်တော်တို့ အုပ်ချုပ် ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ အကြံပြုနှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ။
တွေ့ဆုံမေးမြန်းသူ-ဇင်ဇင်(ပြန်/ဆက်)