
TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦး သေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော် စက်တင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စု ဇီးဒဘန်ကျေးရွာ အတွင်းသို့ TNLA အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် အကြောင်း မဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ ပြီး အပြစ်မဲ့ ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် TNLA အဖွဲ့ဝင်များ က နမ့်ဖတ်ကာကျေးရွာအုပ်စု၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှ လက်နက်ကြီး များဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်းတို့ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျေးရွာအုပ်စု အတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်း သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦး သေဆုံးခဲ့ ကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း လိုအပ် သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်