ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု

 

ဘားအံ    ဇွန်   ၂၂


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် သော  ကျောင်းသား  ကျောင်းသူ များ     အောင်ချက်ကောင်းသော မြို့နယ်နှင့်       ကျောင်းများအား  ဂုဏ်ပြု   ချီးမြှင့်သည့်   အခမ်း အနားကို   ယနေ့    နံနက်ပိုင်းက ဘားအံမြို့           ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ကရင်ပြည် နယ်၏ လူသားအရင်းအမြစ်များ ဖြစ်ကြသော      လူငယ်လေးများ အတွက်    ချီးမြှင့်     ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သကဲ့သို့ လာမည့် အနာဂတ်လူငယ်  ကျောင်းသား  ကျောင်းသူများ အတုယူစံပြုစေ ရန် ရည်ရွယ်ဂုဏ်ပြုသည့် အခမ်း အနားဖြစ်ကြောင်း၊  ပြည်နယ်၏ ဂုဏ်ဆောင်ဖြစ်ကြသော  ကျောင်း သား     လူငယ်မောင်မယ်များက အခြေခံ   ပညာကျောင်းများတွင် အောင်မြင်မှုရရှိခဲ့ပြီး  အဆင့်မြင့် တက္ကသိုလ်အသီးသီးသို့     ဆက် လက် တက်ရောက်ကာ ပြည်နယ် ၏ အတတ်ပညာရှင်၊ အသိပညာ ရှင်များဖြစ်အောင်  ဆက်လက် ကြိုးစားရမည်ဖြစ်သကဲ့သို့ နောင် တစ်ချိန်တွင် ပြည်နယ်၏ တာဝန် အသီးသီးကို    ပခုံးပြောင်းထမ်း ဆောင်နိုင်မည့်     ထူးချွန်သော လူသားအရင်းအမြစ်များ    ဖြစ် အောင်   ဆက်လက်ကြိုးစားပေး ကြရန်     တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်နယ်ပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၃ ခုနှစ်   တက္ကသိုလ်ဝင်   စာမေးပွဲ အောင်ချက်နှင့်         ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   ထူးချွန်ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။

 


ယနေ့      အခမ်းအနားတွင် ဂုဏ်ပြုဆုပေါင်း  ၁၂၀ ကျော် စုစု ပေါင်းငွေကျပ် ၄၁၂ သိန်းကျော်ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း နှင့် အခမ်းအနားအပြီးတွင် ပြည် နယ်ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူ များက  ထူးချွန်ဆုရကျောင်းသား  ကျောင်းသူများ၊ မိဘများနှင့်ဆရာ ဆရာမများအား    ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍     အားပေး စကားများ ပြောကြားခဲ့သည်။  

စောမျိုးမင်းသိန်း(ပြန်/ဆက်)