ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေး​ကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနသည်   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊   နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်     လျှောက်ထားလာသူများကို     စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။     ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ  ဦးလှတိုး(ရန်အောင်စာပေတိုက်) သည်   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ယခင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက ၃၀-၁၀-၁၉၈၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၈၁)ဖြင့် “ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒကို ရိုက်နှိပ်ဖြန့်ချိခြင်း၊ ကူးယူ ဖြန့်ချိခြင်းမပြုရန်” တားမြစ် ပိတ်ပင်ထားပြီးဖြစ်သည့်စာအုပ်ကို ထုတ်ဝေဆောင်ရွက်ခဲ့သည့်အတွက် ၎င်းအား ထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း   အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ ခုနှစ်၊   ဧပြီလ (၇)ရက်နေ့မှစ၍ ရုပ်သိမ်း လိုက်ကြောင်း နှင့် ၎င်းစာပေတိုက်အနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေ ဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန