
ရန်ကုန် ဇန်နဝါရီ ၁၉
မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ထပ်မံ ထိုးသတ်ရမည့်ပွဲအတွက် လက်မှတ်ရေးထိုးပြီးဖြစ် ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးခဲ့သည်။
အောင်လအန်ဆန်သည် လာမည့်ပွဲအတွက် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း အသိပေးခဲ့သော် လည်း ပြိုင်ဘက်ကစားသမား၊ ထိုးသတ်မည့်ရက်နှင့် ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ရခြင်း ရှိမရှိကိုမူ ONE Championship အဖွဲ့အစည်းက သတင်း ထုတ်ပြန်သွားမည်ဖြစ်သည်။ အောင်လအန်ဆန်သည် နောက်ဆုံးထိုးသတ်သည့် နှစ်ပွဲဆက်တိုက် အနိုင်ရပြီး နောက် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်ရရန် နီးစပ်လာပြီဖြစ်ပြီး ပုံမှန် စိန်ခေါ်ပွဲ သို့မဟုတ် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရ မရကိုမူ အသိပေးခဲ့ခြင်း မရှိပေ။ အောင်လအန်ဆန်သည် ONE Championship ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်အထိ၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်အထိ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံခါးပတ် နှစ်ခု စလုံးကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ ခါးပတ် နှစ်ခုစလုံး လက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုသာ ပြန်လည်ရယူနိုင်ရန် ဦးတည်ကြိုးပမ်းနေ ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ထိုးသတ်သည့်ပွဲတွင် ဂျပန်နိုင်ငံသား အိုကာမီ၊ ယခုနှစ် ဇန်နဝါရီ ၁၄ ရက်က ထိုးသတ် သည့်ပွဲတွင် ဘရာဇီး နိုင်ငံသား ဂယ်ဗိုတို့ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသည်။
ရဲရင့်လွင်
ဓာတ်ပုံ-ONE Championship