
ထန်းတပင် အောက်တိုဘာ ၂၁
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် ၁၂ နှစ် နှင့်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား ကျောင်းသူ ကလေး ငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျောင်း သား ကျောင်းသူ ၃၅၂၉ ဦး ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ကလေးငယ်များအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသည့် အခြေခံပညာကျောင်း ခြောက်ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကိုလည်း ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)