
ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ် ၂၉ ရက်မှစတင်၍ မြို့နယ်အတွင်း ဦးစားပေး စုရပ်နေရာရှစ်ခုတို့၌ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ဒုတိယ အကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံ ခဲ့သူ ၂၉၁၃ ဦးထိရှိကြောင်း သိရသည်။
ထိုးနှံပေး
ထန်းတပင်မြို့နယ်အတွင်း ဒုတိယ အကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရာ တွင်လည်း သက်ဆိုင်ရာ ဦးစားပေးအုပ်စု များအလိုက် စုရပ်များခွဲ၍ ကာကွယ်ဆေးကိုထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၉ ရက်နှင့် ၃၁ ရက်တို့တွင် ထန်းတပင်မြို့မ အားကစားကွင်းစုရပ်၊ သြဂုတ် ၃၀ ရက် တွင် အ ထ က (ဘောလည်)ကျောင်းစုရပ်၊ စက်တင်ဘာ ၁ ရက်တွင် တက်သစ် တိုက်နယ်ဆေးရုံစုရပ်နှင့် အ ထ က (ကျူတော) စုရပ်၊ စက်တင်ဘာ ၂ ရက် တွင် လှည်းဆိပ်တိုက်နယ်ဆေးရုံစုရပ်၊ အ ထ က(ခွဲ) အုတ်ဖိုကျောင်းစုရပ်၊ စက်တင်ဘာ ၃ ရက်တွင် ဒိတ်ကုန်း-ပေါက်တန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း စုရပ်နှင့် စက်တင်ဘာ ၄ ရက် တွင် နဲသမိန်တိုက်နယ် ဆေးရုံစုရပ်တို့၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ များကို ဒုတိယအကြိမ်မြောက် ထိုးနှံပေး ခဲ့သည်။ အဆိုပါစုရပ်နေရာ ရှစ်နေရာတို့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြသည့် သံဃာတော်အရှင်သူမြတ် ၁၈၇ ပါး၊ နိုင်ငံ့ ဝန်ထမ်း ၂၃၈ ဦးနှင့် ၎င်းတို့၏မိသားစုဝင် ၅၆၇ ဦး၊ စေတနာ့ဝန်ထမ်း ၄၁၃ ဦး၊ အသက် ၆၅နှစ်နှင့်အထက် အဘိုးအဘွား ၁၄၇၈ ဦးနှင့် စျေးသူ၊ စျေးသား ၃၀ စုစုပေါင်း ၂၉၁၃ ဦးတို့ ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ် ဆေးလာရောက်ထိုးနှံကြသူ များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်း၊ သွေးတွင်းအောက်ဆီဂျင်လည်ပတ်မှု နှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)