ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ  နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက  မီးရှို့မှုများ ထပ်မံလုပ်ဆောင်

 

 

နေပြည်တော်    မေ    ၂၃    
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ် ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက် အတွင်း၌    ယနေ့နံနက်ပိုင်းက   လုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ်  နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်က လက်နက် ငယ်များ၊  တစ်လုံးထိုးသေနတ်များဖြင့်  ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  နံနက်  ၁၁ နာရီ   မိနစ် ၅၀  ခန့်တွင်  PDF  အမည်ခံအကြမ်းဖက်သမားများသည် အမှတ် (၁) ရပ်ကွက်၏ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ပစ်ခတ်ခဲ့မှုများကြောင့် ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးစဉ်အတွင်း အမှတ်(၁)ရပ်ကွက်ရှိ     ဒေသခံပြည်သူများ၏    နေအိမ်များအား   မီးရှို့သွားသဖြင့်   မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ   မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာများသို့    လုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး  တစ်ထပ်နေအိမ် အလုံး၃၀၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်နေအိမ် ၂၂ လုံးနှင့် ခရစ် ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း  စုစုပေါင်း နေအိမ် ၅၂ လုံး နှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ကျောင်း (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၈၅၀ ခန့်) မီးလောင်  ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင်    လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမား များထံမှ      Super Mag  တံဆိပ်ပါ ပြောင်းချောသေနတ်   တစ်လက်၊ ၁၂ ဗို့ကျည် ငါးတောင့်၊  လက်လုပ် မိုင်း လေးလုံးနှင့်အတူ       CDF ထန်တလန်  လက်မောင်းတံဆိပ်ပါ  ပြောက်ကျားဝတ်      အမျိုးသား အလောင်း      နှစ်လောင်းတို့ကိုသိမ်းဆည်းရမိခဲ့သည်။
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမား         များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့်       တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာ ဒေသအချို့၌     အကြမ်းဖက် လုပ်ရပ်များကို  ကျူးလွန်လုပ်ကိုင် လျက်ရှိရာ   လမ်းပန်းဆက်သွယ် ရေး         ခက်ခဲသည့် ထန်တလန်မြို့ အတွင်း၌       ၂၀၂၁   ခုနှစ်  အောက်တိုဘာ  ၂၉ ရက်မှ ယနေ့ အထိ     ထန်တလန်မြို့ အတွင်း မီးရှို့မှုအနေဖြင့်     (၁၆)   ကြိမ် ကျူးလွန်ခဲ့ကာ   လူနေအိမ် ၃၂၁ လုံး၊ ဆေးရုံတစ်ခု၊  ခရစ်ယာန်ဘုရား ရှိခိုးကျောင်း          လေးကျောင်းနှင့် ဈေးဆိုင်ခန်း ခုနစ်ခန်း  စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၀၁၁၃ သိန်းကျော်  ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်  သမားများက ထိုသို့  အကြမ်းဖက်လုပ်ရပ်များကို မကြာခဏ  ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက်   စာမျက်နှာများမှ တစ်ဆင့်    နိုင်ငံအတွင်း   တည်ငြိမ် အေးချမ်းမှုမရှိကြောင်း    ဝါဒဖြန့် ဆောင်ရွက်လျက်ရှိသဖြင့်    ဒေသ တွင်း  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ     စိုးမိုးမှုရှိစေရေး အတွက်  လိုအပ်သည့်   လုံခြုံရေး      လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း   သတင်း ရရှိသည်။                သတင်းစဉ်