
ဝင်ချန်း နိုဝင်ဘာ ၉
ထန်ကျို့ - ၅ ကုန်တင်အာကာသယာဉ်နှင့် သယ်ဆောင်ရေးဒုံးပျံ လောင်းမတ်ချ်-၇ (ဝိုင်-၆) တို့ကို ဂြိုဟ်တုလွှတ်တင်ရေးဧရိယာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီက နိုဝင်ဘာ ၉ ရက်တွင် ပြောသည်။
ကုန်တင်အာကာသယာဉ်ကို မကြာမီအချိန်တွင် လွှတ်တင်သွား မည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ပြောသည်။ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝင်ချန်းဂြိုဟ်တုလွှတ်တင်ရေး စင်တာနေရာမှ အဆောက်အအုံနှင့် စက်ကိရိယာများ၏ အခြေအနေ မှာ ကောင်းမွန်လျက်ရှိသည်ဟု ဆိုသည်။
သတ်မှတ်ထားသည့်အတိုင်း လုပ်ဆောင်သွားမည်
ထို့အပြင် အကြိုစမ်းသပ်စစ်ဆေးမှုအမျိုးမျိုးနှင့် ပူးတွဲစမ်းသပ်မှု များကို ကြိုတင်သတ်မှတ်ထားသည့်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီက ပြောသည်။
ဆင်ဟွာ