ထင်ရှားကျော်ကြားသော လွယ်ကရထုံပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝန်း ဆင်နွှဲလျက်ရှိ

 

ဘန်ကောက်   နိုဝင်ဘာ  ၈


ထိုင်းနိုင်ငံ၏ ထင်ရှားကျော်ကြား သော  ပွဲတော်များထဲမှ   တစ်ခု ဖြစ်သည့်   Loy   Krathong (လွယ်ကရထုံ)ပွဲတော်ကို   နိုင်ငံ တစ်ဝန်း  ဆင်နွှဲလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပွဲတော်သည် ငှက်ပျောရွက်များကဲ့သို့   ပစ္စည်း များဖြင့် ပြုလုပ်ထားပြီး ကရထုံ ဟုခေါ်သော  ရေပေါ်မီးအိမ်များ ကြောင့်        လူသိများသည်ဟု ဆိုသည်။ 

 


လွယ်ကရထုံပွဲတော်ကို ထိုင်း ပြက္ခဒိန်၏    ၁၂   လမြောက် လပြည့်ညတွင် ကျင်းပပြီး ရေနတ် ဘုရားကို   ကျေးဇူးတင်ကြောင်း ပြသရန်အတွက်   လူများသည် မြစ်များဆီသို့       စုရုံးရောက်ရှိ လာကြကြောင်း သိရသည်။ 

 


ထိုပွဲတော်ကို       တက်ခ် ပြည်နယ်      မြောက်ပိုင်းတွင် ပြီးခဲ့သည့်     ရက်သတ္တပတ်က စတင်ဆင်နွှဲခဲ့သည်ဟု ဆိုသည်။ 
လွန်ခဲ့သည့်     နှစ်နှစ်တွင် ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ပါဝင်ဆင်နွှဲသူ  အရေအတွက်ကို ကန့်သတ်ထားခဲ့သည်။ ယခုနှစ် တွင် နိုင်ငံတစ်ဝန်း သုံးနှစ်အတွင်း ပထမဆုံးအကြိမ်      စည်ကား သိုက်မြိုက်စွာ   ပြန်လည်ကျင်းပ နိုင်ခြင်းဖြစ်သည်။   ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ကို      ဖြေလျှော့ပေးပြီးနောက် နိုင်ငံခြားခရီးသည် အများအပြား လာရောက်ရန်   မျှော်လင့်ထား သည်။                                                        


အင်န်အိတ်ချ်ကေ