
ဘန်ကောက် ဇန်နဝါရီ ၂၀
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာသည် ဇန်နဝါရီ ၁၉ ရက်က ရက်ချာဘူရီ ပြည်နယ်၌ ကျင်းပသော တရုတ်နှစ်သစ်ကူး နေ့အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး တရုတ်ခရီးသွားများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိ ကြောင်း ဖော်ပြခဲ့သည်။
အဖွင့်မိန့်ခွန်းတွင် ဝန်ကြီး ချုပ် ပရာယွတ်က ထိုင်း-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် ရာစုနှစ် များဆီသို့ ပြန်လည်ရောက်ရှိ သွားကြောင်းနှင့် ထိုင်းပြည်သူ များသည် တရုတ်နှစ်သစ်ကူးကို ရိုးရာမပျက် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးထူထောင်လိုက်ချိန်မှစကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို ရှေးရှုကာ နက်နက် ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ သည်။
တရုတ်နိုင်ငံသည် မကြာ သေးမီက ကိုဗစ်-၁၉ မူဝါဒကို ထိန်းညှိ လုပ်ဆောင်ခဲ့သည့် အတွက် တရုတ်ခရီးသွားများ ပြန်ဝင်လာတော့မည်ကို ထိုင်း ပြည်သူများ ပြန်လည်မြင်တွေ့ ကြရတော့မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
၎င်း၏ မိန့်ခွန်းအဆုံးတွင် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး လူတိုင်းလူတိုင်း သာယာပျော်ရွှင်ကံကောင်းပါစေကြောင်း ဆန္ဒပြုခဲ့သည်။
ဆင်ဟွာ