
ဘန်ကောက် သြဂုတ် ၂၄
ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ဝန်ကြီးချုပ်ရာထူး ကို ယာယီရပ်ဆိုင်းရန် သြဂုတ် ၂၄ ရက်က ကြေညာခဲ့သည်။
ပရာယွတ်၏ ရှစ်နှစ် သက်တမ်းသည် မည်သည့်အချိန် တွင် ပြီးဆုံးသင့်သည်နှင့် ပတ်သက်သည့် အသနားခံစာ ကို အတိုက်အခံ ပါတီများက တင်သွင်းလိုက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ကြေညာ ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။
၁၉၅၄ ခုနှစ်တွင် မွေးဖွား သည့် ပရာယွတ်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် ကြားဖြတ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ထို့နောက် ၂၀၁၄ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ ၂၉ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တရားဝင် အတည်ပြုထောက်ခံခဲ့သည်။
ပရာယွတ် ထောက်ခံသူများ က ပရာယွတ်၏ ရာထူးသက်တမ်း သည် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲသည့်အချိန် ကျမှသာ စတင်သင့်ကြောင်း၊ သို့မဟုတ်ပါကလည်း ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကော်မရှင် ပြီးပြီးချင်း အရပ်သားအစိုးရကို ဦးဆောင်ရန် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်သည့် အချိန်ကျမှသာ စတင်သင့်ကြောင်း စောဒက တက်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ၏ ကြေညာချက်ထွက်ပေါ်လာပြီး နာရီအနည်းငယ် ကြာပြီးနောက် လက်ရှိ အစိုးရပြောရေးဆိုခွင့် ရှိသူ အနူချာဘူရာပါချိုင်ဆရီက ပရာယွတ်သည် ဆုံးဖြတ်ချက်ကို လေးစားကြောင်းနှင့် ဝန်ကြီးချုပ် ရာထူး ထမ်းဆောင်နေခြင်းကို သြဂုတ် ၂၄ ရက်မှစပြီး ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း၊ သို့သော် လည်း ၎င်းသည် ကာကွယ်ရေး ဝန်ကြီးအဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အဆိုပါကာလတွင် ဒုတိယ ဝန်ကြီးချုပ် ပရာဝစ်ဝေါင်စုဝန်က ကြားဖြတ် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်မည်ဖြစ် ကြောင်း အနူချာက ပြောသည်။
ဆင်ဟွာ