
ရန်ကုန် စက်တင်ဘာ ၁၉
လေညှာ - ရတနာပုံ လမ်းသည် ဘုရားကြီး-မော်လမြိုင်- ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း (တုံခါ-ဘုတ်ပြင်းအပိုင်း) ၅၇၈ မိုင် ၇ ဒသမ ၁ ဖာလုံ ခွဲထွက်၍ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ထိုင်းနိုင်ငံ နယ်စပ်အထိ ဆက်သွယ်သော လမ်းဖြစ်ပြီး ပြည်ကြီးမဏ္ဍိုင်မြို့ ၀/၀ မိုင်မှ ထိုင်း- မြန်မာ နယ်စပ် ကျောက်တိုင်အထိ ၃၈ မိုင် ၇ ဖာလုံ ရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်တွင် ယခင်ကအတိုင်းမြေသား လမ်းအကျယ်ပေ ၄၀ သာ ရှိခဲ့ရာမှ တနင်္သာရီတိုင်းဒေသကြီး လမ်း ဦးစီးဌာနက အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် အကျယ် ၂၃ ပေ ကွန်ကရစ်လမ်း ၁၆ မိုင် ၁ ဒသမ ၆ ဖာလုံ ဆောင်ရွက်ပေး သည်။
ဆက်လက်၍ နှစ်အလိုက် လျာထားရေးဆွဲထားသော ရန်ပုံ ငွေရရှိမည်ဆိုပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်တွင် ၂၃ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန် ကျန်ရှိနေသည့် ၂၂ မိုင် ၅ ဒသမ ၃၈ ဖာလုံ ကို အပြီးသတ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဟု သိရ သည်။
ခရမ်းစိုးမြင့်