
မြဝတီ ဇူလိုင် ၁၀
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံ သားများအား မြဝတီမြို့ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည် ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၈၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင် ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာ ပေးခြင်း၊ ပြန်လည်ဝင်ရောက်လာ သူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင် ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူ များတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ၁၀ မြို့နယ် အသွားအလာ ကန့်သတ်စောင့် ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေး ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၀၀၊ အမျိုးသ မီး ၈၄ ဦး စုစုပေါင်း ၂၈၄ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)