ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် CI သက်တမ်းတိုးစခန်းများ ခရိုင် ငါးခုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဇန်နဝါရီ  ၁၂


ထိုင်းနိုင်ငံတွင်    ရောက်ရှိအလုပ် လုပ်ကိုင်နေသည့်    အလုပ်သမား များအနက်   အထောက်အထား မရှိသူများကို     တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ စမုစခွန် ခရိုင်၊  စမုပရာကန်ခရိုင်၊  ချင်းမိုင် ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရနောင်းခရိုင် တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း  သက်သေခံလက်မှတ် (Certificate of Identity – CI)    သက်တမ်းတိုး စခန်း ငါးခုဖွင့်လှစ်၍ ဇန်နဝါရီ ၁၀  ရက်မှ  စတင်ဆောင်ရွက်လျက် ရှိရာ အလုပ်သမားဦးရေ  အမျိုးသား ၄၂၆  ဦး၊  အမျိုးသမီး  ၃၅၇   ဦး စုစုပေါင်း ၇၈၃ ဦး CI   သက်တမ်း တိုးစာအုပ်များ    ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ထိုင်းနိုင်ငံတွင်  ရောက်ရှိအလုပ် လုပ်ကိုင်နေသည့်  အလုပ်သမား များအနက်   အထောက်အထား မရှိသူများကို    တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၇  ခုနှစ် မတ် ၃ ရက်မှ ၂၀၁၈ ခုနှစ် ဇွန်    ၃၀    ရက်အထိ  သက်တမ်း ၄ နှစ်ဖြင့် ထုတ်ပေးခဲ့သည့် မည်သူ  မည်ဝါဖြစ်ကြောင်း  သက်သေခံ လက်မှတ် (Certificate of Identity– CI) များသည် ၂၀၂၁ ခုနှစ် မတ်  ၃ ရက်မှစ၍     ထုတ်ယူခဲ့သည့် နေ့ရက်များအလိုက်   သက်တမ်း ကုန်ဆုံးလျက်ရှိသည်။    


ထိုင်းနိုင်ငံတွင်  ရောက်ရှိအလုပ် လုပ်ကိုင်နေသည့်    အလုပ်သမား များအနက်  အထောက်အထား မရှိသူများကို   တရားဝင်နေထိုင် လုပ်ကိုင်နိုင်ရန် CI စခန်းများတွင်  ထိုင်းအလုပ်အကိုင်ဌာန၊  လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေး ဌာနများကလည်း ကောင်တာများ ဖွင့်လှစ်၍       အလုပ်သမားများ အတွက် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) ထုတ်ပေးခြင်းတို့ကို   ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထိုကဲ့သို့    CI   သက်တမ်းတိုး  လျှောက်ထားသူ အလုပ်သမားများ အနေဖြင့် Seven Eleven ဆိုင် များတွင်   မိမိလက်ရှိကိုင်ဆောင် ထားသည့် CI  စာအုပ်နံပါတ်ဖြင့်  စာအုပ်ဖိုး     ဘတ်      ၃၀၀ နှင့် ဝန်ဆောင်ခ ဘတ် ၁၀  စုစုပေါင်း  ဘတ် ၃၁၀ ပေးသွင်းရန်၊   စခန်း အမည်၊ ရက်ချိန်း၊ တိုကင်နံပါတ်၊ ဆက်သွယ်ရန်ဖုန်း   အစရှိသည့် အချက်များပါဝင်သည့်  ငွေသွင်း ပြေစာရယူရန်    (လက်ကိုင်ဖုန်း သို့လည်း     မက်ဆေ့ဝင်ရောက် လာမည်ဖြစ်ပါသည်)နှင့်  ရက်ချိန်း နေ့တွင်  စခန်းသို့  မပျက်မကွက် သွားရောက်ရန်၊ စခန်းသို့ ရောက်ရှိ  သည့်အခါ    ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းပြီးနောက် CI စာအုပ်  အဟောင်း၊  နိုင်ငံသားစိစစ်ရေး ကတ်၊ အိမ်ထောင်စုဇယား၊  ထိုင်း အလုပ်အကိုင်ဌာနမှ   ထုတ်ပေး  ထားသည့် စာရွက်စာတမ်းများကို မိတ္တူကူး၍    CI  စာအုပ်အသစ် လျှောက်ထားရန်၊ အချက်အလက်  များ ပြည့်စုံမှန်ကန်သူသည် စခန်း က ထုတ်ပေးသည့် CI သက်တမ်း တိုးစာအုပ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို ရယူရန် လိုအပ်  ကြောင်း သိရသည်။


CI    သက်တမ်းတိုးစာအုပ်နှင့် OWIC  ကတ်  ရရှိပြီးသူများသည် စခန်းရှိ   ထိုင်းလူဝင်မှုကြီးကြပ် ရေးဌာန၏        ကောင်တာတွင် နေထိုင်ခွင့် (Visa)   နှင့်  အလုပ် လုပ်ကိုင်ခွင့်        (Work Permit)လျှောက်ထားရန်     လိုအပ်သော် လည်း Visa နှင့်  Work  Permit  သက်တမ်းရှိသူများ       အနေဖြင့် လျှောက်ထားရန်           မလိုကြောင်း သိရသည်။


အကယ်၍ CI စာအုပ်ပျောက်ဆုံး ခြင်း၊  ပျက်စီးခြင်းရှိပါက  ထိုင်း ရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာ သံရုံး၏  ထောက်ခံချက်နှင့်အတူ  သက်ဆိုင်ရာ    CI   စခန်းများသို့ လာရောက်    လျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရရှိချိန်တွင် CI  စာအုပ်တန်ဖိုးဘတ်         ၃၀၀၊ ဒဏ်ကြေး ဘတ် ၁၈၀  စုစုပေါင်း ဘတ် ၄၈၀ ကို  စခန်းတာဝန်ရှိသူ ထံသို့ ပေးသွင်းရမည်ဖြစ်ကြောင်း  အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ သိရသည်။
ထို့အတူ     OWIC   ကတ် ပျောက်ဆုံးခြင်း၊     ပျက်စီးခြင်း ရှိပါက  ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံ ချက်၊ မြန်မာသံရုံး၏  ထောက်ခံ ချက်နှင့်အတူ             သက်ဆိုင်ရာ   CI    စခန်းများသို့     လာရောက် လျှောက်ထားရမည်ဖြစ်ပြီး   ဒဏ် ကြေးအပါအဝင်  ဘတ် ၂၀၀ ကို  စခန်းတာဝန်ရှိသူထံသို့  ပေးသွင်း ရမည်ဖြစ်သည်။
CI   သက်တမ်းတိုးလုပ်ငန်းစဉ် များနှင့်ပတ်သက်၍  အလုပ်သမား  သံအရာရှိ         ဦးအောင်ကိုဇော် (ဖုန်းနံပါတ်-     ၀၉၄၈၈၄၅၄၈၄)၊ အလုပ်သမားသံအရာရှိ  ဦးရဲလင်း ထက် (ဖုန်းနံပါတ်- ၀၆၅၂၂၀၆၉၅၁)၊ အလုပ်သမားသံအရာရှိ  ဦးလင်း မြတ် (ဖုန်းနံပါတ်-၀၆၅၂၂၀၆၉၅၂)၊ အလုပ်သမားသံအရာရှိ  ဦးပြည့်ဖြိုး အောင်(ဖုန်းနံပါတ်-၀၆၅၂၂၀၆၉၅၃)  နှင့်       အလုပ်သမားသံအရာရှိ ဦးအောင်အောင်    (ဖုန်းနံပါတ်-  ၀၉၉၀၅၉၂၃၅၂) တို့သို့ ဆက်သွယ် မေးမြန်း  ဆောင်ရွက်နိုင်ကြောင်း သိရသည်။


အလားတူ CI   သက်တမ်းတိုး ထုတ်ပေးရေးစခန်း     (စမုစခွန်)    ဖုန်းနံပါတ်-         ၀၆၅၂၀၅၅၉၆၀၊ ၀၆၅၂၀၅၅၉၆၁၊ CI  သက်တမ်းတိုး ထုတ်ပေးရေးစခန်း    (စမုပရာ ကန်)  ဖုန်းနံပါတ်- ၀၆၅၂၀၅၅၉၆၄၊ ၀၆၅၂၀၅၅၉၆၅၊ CI သက်တမ်းတိုး ထုတ်ပေးရေးစခန်း     (ချင်းမိုင်) ဖုန်းနံပါတ်-     ၀၆၅၂၀၅၅၉၆၈၊ ၀၆၅၂၀၅၅၉၆၉၊ CI  သက်တမ်းတိုး ထုတ်ပေးရေးစခန်း      (ချွန်ဘူရီ) ဖုန်းနံပါတ်-        ၀၆၅၂၀၅၅၉၆၂၊ ၀၆၅၂၀၅၅၉၆၃၊ CI သက်တမ်းတိုး ထုတ်ပေးရေးစခန်း    (ရနောင်း) ဖုန်းနံပါတ်-    ၀၆၅၂၀၅၅၉၆၆၊ ၀၆၅၂၀၅၅၉၆၇ တို့သို့  ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်