
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံတွင် အဖမ်းအဆီးပိုမိုများပြားနေ သည့်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် လမ်းကြောင်းကသာ လာရောက်ကြရန် ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာနိုင်ငံသားတစ်ဦးကပြောကြားသည်။
ဖမ်းဆီးမှုများလုပ်လာ
လက်ရှိကာလ မြန်မာ - ထိုင်း နယ်စပ်တွင် သာမက ထိုင်းနိုင်ငံအတွင်းမှာပါ ယခင်ထက် လုံခြုံရေးပိုမိုတင်းကျပ်လာပြီး ရှာဖွေဖမ်းဆီးမှု များပိုမိုပြုလုပ်လာသည်ကို တွေ့ရှိလာရသကဲ့ သို့ တရားမဝင် ဝင်ရောက်ခြင်းများကိုလည်း ယခုကာလတွင် ပိုပြီးဖမ်းဆီးမှုများ လုပ်လာ ကြောင်း ၎င်းက ပြောကြားသည်။
“MoU စနစ်နဲ့ကတော့ အလုပ်သမား အသစ်တွေဝင်တာ၊ လူဟောင်းတွေနယ်စပ်မှာ သက်တမ်းတိုးပြန်ဝင်တာတော့ ရှိနေတာပါပဲ။ အဓိက တရားမဝင်လာတဲ့သူတွေကို ဖမ်းဆီးဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်လာတော့ နယ်စပ်ဘက်မှာရော၊ အထဲမှာပါ ယခင်ကထက် လုံခြုံရေးပိုတင်းကျပ်လာပြီး ရှာဖွေဖမ်းဆီး တာတွေ ခပ်စိပ်စိပ်လုပ်လာတာ ရှိလာတာ ပေါ့။ တရားမဝင်ဖမ်းဆီးတာတွေက ယခင်က လည်းရှိနေတာပါပဲ။ ဒါပေမယ့် အခုက ပိုပြီး ဖမ်းဆီးတာတွေလုပ်လာတဲ့ သဘောမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
တရားဝင် လာစေချင်
အထောက်အထားမဲ့ လုပ်သားအချို့ မှာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုရှိခဲ့လျှင် လည်း ထိုက်သင့်သော နစ်နာကြေး မရဘဲ ဆေးကုသပေးရုံမျှဖြင့်သာ ကျေနပ် လိုက်ရခြင်းများရှိ၍ တရားဝင်သာလာ စေချင်ကြောင်း ၎င်းက အကြံပြုထား သည်။
MT