ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၆၁ ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ

 

တာချီလိတ်   ဇူလိုင်   ၃၁


ရှမ်းပြည်နယ်အရှေ့ပိုင်း      တာချီလိတ်မြို့နယ်ရှိ မြန်မာ- ထိုင်း  နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ ခံခဲ့ရပြီး  ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံ သား  နေရပ်ပြန်ပြည်သူ ၆၁ ဦးကို ယနေ့နံနက် ၁၀ နာရီက    တာချီလိတ်မြို့နယ်မှ    တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

 


အဆိုပါ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား     နေရပ်ပြန်ပြည်သူ ၆၁ ဦးမှာ အမျိုးသား ၃၀ ၊   အမျိုးသမီး ၃၁ ဦးဖြစ်ပြီး ၎င်းတို့ အား တာချီလိတ်မြို့     ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ   ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏      လမ်းညွှန်ချက် များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  Rapid Test Kit ဖြင့်   စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ   စစ်ဆေး ချက်အဖြေအရ   နေရပ်ပြန်ပြည်သူအားလုံးတွင်     ကိုဗစ်-၁၉    ရောဂါပိုး  မတွေ့ရှိကြောင်း       သိရ သည်။     

 


ထို့ပြင်    ပြစ်ဒဏ်စေ့ပြီး     ပြန်လည်လွတ်မြောက် လာသည့် နေရပ်ပြန်ပြည်သူများအား   ကျိုင်းတုံမြို့  ဝစီပိတ် ဆရာတော်ဘုရား၏     ဦးဆောင်ကူညီ စောင့်ရှောက်မှုဖြင့်         ရှမ်းပြည်နယ်အရှေ့ပိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲနိုင်၊   တာချီလိတ် အခြေချ  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်နိုင်နှင့်  အဖွဲ့ ဝင်များ၊  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး     အထောက် အကူပြုအဖွဲ့ဝင်များနှင့်    အလှူရှင်များက     ၎င်းတို့ အား     သက်ဆိုင်ရာ    နေရပ်အသီးသီးသို့   ရောက်ရှိ နိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များ  စီစဉ်ပေး ခြင်း၊    စားသောက်ဖွယ်ရာများ၊   တစ်ကိုယ်ရေသုံး ပစ္စည်းများ၊   ထောက်ပံ့ငွေများ လှူဒါန်းပေးခြင်းနှင့်   နေရပ်ပြန်ပြည်သူများကို    အားပေးစကားများ  ပြောကြားခဲ့ကာ  လိုအပ်သည်များ  ကူညီဆောင်ရွက် ပေးပြီး   နွေးထွေးစွာ   ကြိုဆိုလက်ခံခဲ့ကြကြောင်း သိရသည်။                   


  သတင်းစဉ်