ထိုင်းနိုင်ငံတောင်ပိုင်း၌ ရထားလမ်းဗုံးပေါက်ကွဲမှုကြောင့် သုံးဦးထက်မနည်းသေဆုံး၊ လေးဦးဒဏ်ရာရ

 

ဘန်ကောက်   ဒီဇင်ဘာ  ၆
ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာ ပြည်နယ်ရှိ   ရထားလမ်းတစ်ခု၌ ဒီဇင်ဘာ   ၆  ရက် အစောပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်း   သေဆုံးပြီး အခြားလေးဦး    ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း    ထိုင်းအစိုးရပိုင် မီးရထား (အက်စ်အာရ်တီ)၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါ ဗုံးပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၄  မိနစ်ခန့်တွင်  ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း   ဒေသတာဝန်ရှိသူ များက  ပြောသည်။  ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၃ ရက်ကလည်း ရထား လမ်း    ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ ပြီး  အိမ်နီးချင်း  မလေးရှားနိုင်ငံ သို့ ဦးတည်ခုတ်မောင်းနေသော ကုန်တင်ရထား  အတွဲ ၂၀ ရှိသည့် အနက် ထက်ဝက်ကျော် လမ်းချော် ခဲ့ကြောင်း သိရသည်။ ယခုပေါက်ကွဲ မှုကြောင့်      အလုပ်သမားများ ပြုပြင်နေသည့်  ရထားလမ်းပိုင်း တစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး အက်စ် အာရ်တီ အရာရှိသုံးဦး သေဆုံးကာ အခြားလေးဦး အနည်းငယ်ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 
ထိခိုက်ပျက်စီးခဲ့သည့် ရထား လမ်းပိုင်းသည် ဒီဇင်ဘာ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာမှ မီတာ ၂၀၀ သာကွာဝေးကြောင်း သိရသည်။ ဗုံးရှင်းလင်းရေးအဖွဲ့နှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဗုံးပေါက်ကွဲမှုဖြစ်ရပ်နှင့် ပတ်သက် ပြီး    စုံစမ်းစစ်ဆေးမှုများနှင့် ဒုတိယအကြိမ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သူများကို   စုံစမ်း မေးမြန်းလျက်ရှိသည်။
ဗုံးပေါက်ကွဲမှုနှင့်   ပတ်သက် ပြီး    ယခင်ပေါက်ကွဲမှုအတွင်း ကျန်ရှိနေသည့် ဗုံးလား သို့မဟုတ် တစ်နေရာတည်း၌  ရည်ရွယ်ချက် ရှိရှိ     ဗုံးထောင်ထားခြင်းလား ဆိုသည်ကို အတည်မပြုနိုင်သေး ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
 ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ