
ဘန်ကောက် ဒီဇင်ဘာ ၂၂
ထိုင်းနိုင်ငံတောင်ပိုင်း၌ နေရာ အနှံ့ ရေကြီးမှုများ ဆက်လက်ဖြစ် ပေါ်ပြီး မိသားစုဝင် နှစ်သိန်း ထက်မနည်း ထိခိုက်ခဲ့ရကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။
ထိုင်းတောင်ပိုင်း ပြည်နယ်၌ ခြောက်ခုရှိ ခရိုင် ၅၇ ခုတွင် အိမ်ထောင်စု ၂၁၀၅၅၂ စုမှာ ထိခိုက် ခံစားခဲ့ရကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး ဦးစီးဌာန(ဒီဒီပီအမ်) က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၁ ရက်တွင် ရေဘေးသင့်သည့် ဒေသများမှ သေဆုံးသူ ခုနစ်ဦးကို ပြန်လည် တွေ့ရှိပြီး နှစ်ဦးမှာ ဒဏ်ရာရရှိ ကြောင်း အဆိုပါဌာနက ပြော ကြားသည်။
အရှေ့မြောက်မုတ်သုံလေ ကျရောက်
အရှေ့မြောက် မုတ်သုံလေ သည် ထိုင်းပင်လယ်ကွေ့အပေါ် ဝင်ရောက်ပြီးနောက် ရေကြီးမှု များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တောင်ပိုင်း ဒေသများတွင် ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ပြီး ရုတ်တရက်ရေကြီး ခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းများ တိုက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ