ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများအပေါ် တင်းကျပ်သည့် ကိုဗစ် - ၁၉ ကန့်သတ်ချက်များ ထားရှိမည်မဟုတ်ဟုဆို

ဘန်ကောက်  ဇန်နဝါရီ  ၆
တရုတ်နိုင်ငံမှ    လာရောက်မည့် ခရီးသွားများအပေါ်   တင်းကျပ် သည့် ကိုဗစ်-၁၉ ကန့်သတ်ချက် များ   ချမှတ်သွားမည်  မဟုတ်ဟု ထိုင်းအစိုးရက       ပြောသည်။ တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ  ဖြစ်ပေါ်နေသော် လည်း  ယခုလို    ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ဇန်နဝါရီ  ၅  ရက်က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်  ထိုင်းကျန်းမာရေးဝန်ကြီး အနူဝင် ချန်ဗာရာကယ်က  ပြောသည်။ ပြီးခဲ့သည့်နှစ်မှစတင်ကာ   ထိုင်း နိုင်ငံသို့          လာရောက်မည်ဆို လျှင်    ဆိုက်ရောက်ခရီးသည်များ ကိုဗစ်-၁၉ ဆေးစစ်ရန် မလိုအပ် တော့ပေ။      မည်သည့်နိုင်ငံမှ လာသည့်     ခရီးသွားများကိုမဆို ယင်းမူဝါဒအတိုင်း   ဆက်လက် လုပ်ဆောင်သွားမည်ဟု ကျန်းမာ ရေးဝန်ကြီးက ပြောသည်။ 
၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွား ဧည့်သည်   ၁၁   သန်းဝန်းကျင် ရှိသည်။ ယင်းပမာဏသည် ထိုင်း နိုင်ငံသို့ ဝင်ရောက်သည့် ခရီးသွား ဧည့်သည် စုစုပေါင်း၏ ၃၀ ရာခိုင် နှုန်းရှိသည်။ တရုတ်နိုင်ငံမှ ခရီး သွားများကို    ဆွဲဆောင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို   ပြန်လည် ရှင်သန်အောင် လုပ်ဆောင်မည်ဟု ထိုင်းအစိုးရက   မျှော်လင့်ထား သည်။   ထိုင်းနိုင်ငံ၏  စီးပွားရေး အတွက် လမ်းဖွင့်ရန် အခွင့်လမ်းကောင်းတစ်ခုဖြစ်ကြောင်း ပြီးခဲ့ သည့်    သုံးနှစ်အတွင်း   ဆုံးရှုံးမှု များမှ      ပြန်လည်ရရှိအောင်   လုပ်ဆောင်နိုင်မည့်       အခွင့် အလမ်းကောင်း   ဖြစ်ကြောင်း ၎င်းက ပြောသည်။ 
အင်န်အိတ်ချ်ကေ