ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက်သွားမည်

 

နေပြည်တော်   ဇန်နဝါရီ   ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသိန်းညွန့်  ဦးဆောင်၍ ထိုင်းနိုင်ငံရှိ     မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏          အကျိုး ကာကွယ်    စောင့်ရှောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း   အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက   နိုင်ငံခြား ရေးဝန်ကြီးဌာန    သံလွင်ခန်းမ၌ ကျင်းပသည်။  (ယာပုံ)
အဆိုပါ     အစည်းအဝေးသို့ နိုင်ငံခြားရေး          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးဝဏ္ဏ မောင်လွင်၊   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး    ဝန်ကြီး ဌာန          ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်၊ အလုပ်သမား       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ပွင့်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေး       ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ       မြန်မာ သံအမတ်ကြီး        ဦးချစ်ဆွေနှင့် ကောင်စစ်ရေးရာနှင့်      ဥပဒေ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်တင်ရှိန်နှင့်  တာဝန် ရှိသူများ      တက်ရောက်ကြ သည်။
အစည်းအဝေးတွင်  နိုင်ငံခြား ရေးဝန်ကြီး၊  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး  ဝန်ကြီး၊ သက်ဆိုင်ရာ    ဝန်ကြီးဌာနများမှ ပြည်ထောင်စု     ဝန်ကြီးများနှင့် ထိုင်းနိုင်ငံဆိုင်ရာ            မြန်မာ သံအမတ်ကြီးက        ရွှေ့ပြောင်း အလုပ်သမားများ     တရားဝင် နေထိုင်    အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူး  လက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ် ထုတ်ပေးနိုင်ရေး၊     အထောက် အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား များအတွက်    မည်သူမည်ဝါဖြစ် ကြောင်း     သက်သေခံလက်မှတ် ထုတ်ပေးနိုင်ရေးနှင့်   စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ် မှုများ၊     အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည့်     အခြေ အနေများနှင့်စပ်လျဉ်း၍   ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင်       ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ  ကြုံတွေ့ လျက်ရှိသည့်   အခက်အခဲများကို ဖြေရှင်း    ဆောင်ရွက်ပေးနိုင်ရေး အတွက်    ကာလတို/ ကာလရှည် စီမံချက်များဖြင့်  သာမန် မြန်မာ နိုင်ငံကူးလက်မှတ်များ သက်တမ်း         တိုးပေးနိုင်ရေး        သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား     ပိုမို ညှိနှိုင်း          ဆောင်ရွက်သွားမည် ဖြစ်ပြီး   နိုင်ငံသားများ၏   အကျိုး ဖြစ်ထွန်းစေရေး   ကဏ္ဍပေါင်းစုံမှ ထိရောက်စွာ  ဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်  နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။   အလားတူ သာမန်မြန်မာနိုင်ငံကူးလက်မှတ် များ အချိန်မီသက်တမ်းတိုးပေးနိုင် ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများပါဝင်သည့်  လုပ်ငန်းအဖွဲ့ များ  ဖွဲ့စည်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို    ဆွေးနွေးခဲ့ကြ ကြောင်း  သိရသည်။  
 သတင်းစဉ်