ထိုင်းနိုင်ငံ၌ ပြန်လာရန်အခက်အခဲများ ကြုံတွေ့ခဲ့သော မြန်မာနိုင်ငံသားများအနက် မွန်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ) စစ်ရေယာဉ်များဖြင့် မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးခဲ့

 

နေပြည်တော် ဖေဖော်ဝါရီ  ၄
နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်၏ လမ်းညွှန်     မှာကြားချက်အရ ထိုင်းနိုင်ငံတွင်      ရောက်ရှိနေပြီး အကြောင်း    အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့        ပြန်လာရန် အခက်အခဲ    ကြုံတွေ့ခဲ့ရသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့မှ နေရပ်ပြန် မြန်မာနိုင်ငံသား     ၁၇၀    ကို တပ်မတော်(ရေ)မှ   စစ်ရေယာဉ် (ကျန်စစ်သား)ဖြင့်          နေရပ် အသီးသီးသို့   ပြန်လည်ပို့ဆောင် ပေးလျက်ရှိသည်။
စားသောက်ဖွယ်ရာများ ကျွေးမွေး
ထိုသို့       ပို့ဆောင်ပေးရန် စစ်ရေယာဉ်   (ကျန်စစ်သား) ဖြင့် တင်ဆောင်လာစဉ် စစ်ရေယာဉ်ရှိ အရာရှိ၊ စစ်သည်များက နွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ပြီး ရေယာဉ် အပေါ်၌ စနစ်တကျ နေရာချထား ပေးခြင်း၊       အာဟာရပြည့် စားသောက်ဖွယ်ရာများ ကျွေးမွေး ၍   ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်စေခြင်း၊  အားကစား ပြိုင်ပွဲများ      ကျင်းပပေးခြင်း၊ ကျန်းမာရေး  စောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေး  အစီအစဉ်များဖြင့် စိတ်ရွှင်လန်း    အပန်းပြေစေရန် ဆောင်ရွက်ပေးကြသည်။
အဆိုပါ   စစ်ရေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ကျိုက္ခမီအဝ အနီးသို့ ရောက်ရှိပြီး မွန်ပြည်နယ် မှ နေရပ်ပြန် မြန်မာနိုင်ငံသား  ၅၂ ဦးကို တပ်မတော်(ရေ)မှ  ကမ်းထိုး ရေယာဉ်ပေါ်သို့        ပြောင်းလဲ တင်ဆောင်၍ မော်လမြိုင်မြို့သို့ စီစဉ်ပို့ဆောင်ပေးသည်။ 
နွေးထွေးစွာကြိုဆို
မော်လမြိုင်မြို့သို့   ပြန်လည် ရောက်ရှိလာကြသော နေရပ်ပြန် မြန်မာနိုင်ငံသားများကို   မွန်ပြည် နယ် ဝန်ကြီးချုပ် ဦးအောင်ကြည် သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက် ဦး၊      ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊  ဌာန ဆိုင်ရာ    တာဝန်ရှိသူများနှင့် နေရပ်ပြန် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက    နွေးထွေး လှိုက်လှဲစွာ လာရောက်ကြိုဆိုကြ သည်။(ဝဲပုံ) နေရပ်ပြန် မြန်မာနိုင်ငံ သားများအား နေ့လယ်စာပေးဝေ ပြီး   မော်လမြိုင်မြို့  သာသနာ့  ဗိမာန်တော်ကြီး၌       စုဝေးကာ တာဝန်ရှိသူများက   လိုအပ်သည် များ   မှာကြားပြီး   သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ              အပ်နှံကာ ဘေးအန္တရာယ်        ကင်းရှင်းစွာ မိသားစုများနှင့်  အမြန်ပြန်လည် တွေ့ဆုံနိုင်စေရန်    ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်