ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၀၁ ဦး ထပ်မံသေဆုံး

ဗန်ကောက်   သြဂုတ်   ၁၉ 


ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၃၀၁ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၈၅၈၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၉၀၂ ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၉၈၉၈၅၉ ဦးရှိလာပြီဖြစ်သည်။ 


ထိုင်းနိုင်ငံသည်       ဧပြီလအစောပိုင်းမှစပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားခြင်းနှင့် ရင်ဆိုင် နေရသည်။ မြို့တော်ဗန်ကောက်၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၉၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ 


ထိုင်းအစိုးရသည်        ခရီးသွားလာမှုကန့်သတ် ချက်များအပါအဝင်      ကျန်းမာရေးစည်းမျဉ်းများ တင်းကျပ်စွာ   ချမှတ်ထားသည့်အတွက်    ရောဂါ ကူးစက်မှုနှုန်းများသည် ယခုလကုန်ပိုင်းတွင် ကျဆင်း လာနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထား သည်။ 
နိုင်ငံအတွင်း ရောဂါကူးစက်မှု ကျဆင်းလာ မည်ဆိုပါက လာမည့်လအတွင်း  စီးပွားရေးလုပ်ငန်း များ    ပြန်လည်လုပ်ငန်းဆောင်ရွက်ခွင့် ပြုမည်ဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆိုသည်။ 


ရောဂါကူးစက်မှု မြင့်မားလျက်ရှိသည့် မြို့တော် ဗန်ကောက်အပါအဝင် အခြားသောဒေသ ၂၈ ခု၌ ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်ချက်များ  ချမှတ် ထားသည့်အပြင်  ညမထွက်ရအမိန့်ကိုလည်း   ယခု လကုန်ပိုင်းအထိ သက်တမ်းတိုးမြှင့်ထားသည်။ 


ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး   ထိုးနှံမှုခံယူနိုင်ရေး      ကာကွယ်ဆေးများ လုံလောက်စွာရရှိရေးအတွက်       ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်ကုန်ပိုင်း တွင် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည်။ 
လက်ရှိအချိန်အထိ ပြည်သူ ၂၅ သန်းကျော်သည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇ ဒသမ ၈ ရာခိုင်နှုန်းသည် ကာကွယ် ဆေးနှစ်ကြိမ်စလုံး  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရ သည်။  

                       
          ကိုးကား- ဆင်ဟွာ
 ဘာသာပြန်- အောင်ကျော်ကျော်